Connect with us

Europe

အမေရိကန်နိုင်ငံ က ဒိန်းမတ် သတင်းအချက်အလက်ဌာနကို အသုံးချ၍ မဟာမိတ်နိုင်ငံခေါင်းဆောင်များအား စောင့်ကြည့်နားထောင်မှုပြုလုပ်ကြောင်း ဒိန်းမတ်သတင်းမီဒီယာဖော်ပြ

ကိုပင်ဟေဂင် ၊ မေ ၃၁ ရက် (ဆင်ဟွာ)

ဒိန်းမတ် အသံလွှင့် ကုမ္ပဏီ (Danmarks Radio) ၏ မေလ ၃၀ ရက်၌ ထုတ်လွှင့်ခဲ့သည့် အထူးသတင်းတွင် အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအေဂျင်စီ (National Security Agency) က ဒိန်းမတ် အမျိုးသားကာကွယ်ရေး သတင်းအချက်အလက်ဌာန မှ တစ်ဆင့် ဒိန်းမတ် အင်တာနက်ကွန်ရက်အတွင်းသို့ ချိတ်ဆက်ဝင်ရောက်ကာ အချက်အလက်များအား ရယူ၍ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel အပါအဝင် မဟာမိတ်နိုင်ငံခေါင်းဆောင်များကို စောင့်ကြည့်နားထောင်မှု ပြုလုပ်နေကြောင်း သိရှိရသည်။သတင်းဖော်ပြချက်တွင် Danmarks Radio က ဆွီဒင်၊ နော်ဝေ ၊ဂျာမနီ နှင့် ပြင်သစ် တို့မှ သတင်းမီဒီယာတို့နှင့် ပူးပေါင်း၍ ဒိန်းမတ်အမျိုးသားကာကွယ်ရေး သတင်းအချက်အလက်ဌာန အတွင်းမှ အချက်အလက်ထောက်ပံ့ပေးသူတို့ ၏ အချက်အလက်များကို အခြေခံ၍ လျှို့ဝှက်စုံစမ်းမှု ပြုလုပ်ခဲ့ရာတွင် အံ့အားသင့်ဖွယ်အဖြေကို တွေ့ရှိခဲ့ရကြောင်း ၊ Operation Dunhammer ဟု အမည်ပေးအပ်ထားသည့် အတွင်းပိုင်းစုံစမ်းမှုအစီရင်ခံစာအား ၂၀၁၅ ခုနှစ် မေလတွင် ဆောင်ရွက်ခဲ့ပြီး အရေးကြီးသော သုံးသပ်ချက်ကိုဆိုရလျှင် အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအေဂျင်စီ နှင့် ဒိန်းမတ် အမျိုးသားကာကွယ်ရေး သတင်းအချက်အလက်ဌာန တို့က ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း ၊ ၎င်းတို့အနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ဒိန်းမတ် အင်တာနက်ကွန်ရက်အတွင်းသို့ ချိတ်ဆက်ဝင်ရောက်၍ အချက်အလက်များကို ရယူကာ နိုင်ငံတော်ခေါင်းဆောင်များကို ပစ်မှတ်ထား၍ လျှို့ဝှက်စောင့်ကြည့်နားထောင်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ ဥပမာအားဖြင့် ဆိုရလျှင် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel အပါအဝင် ပြင်သစ် ၊ ဆွီဒင် နှင့် နော်ဝေ စသည့် မဟာမိတ်နိုင်ငံများ၏ ခေါင်းဆောင်များနှင့် ထိပ်သီးနိုင်ငံရေးခေါင်းဆောင်များကို စောင့်ကြည့်နားထောင်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး Trine Bramsen က မေ ၃၀ ရက်ညပိုင်း၌ Danmarks Radio မှ ပေးပို့သည့် အီးမေးလ် အား ပြန်လည်ဖြေကြားခဲ့ရာတွင် ချစ်ခင်ရင်းနီးသော မဟာမိတ်များအပေါ် စနစ်တကျ စောင့်ကြည့်နားထောင်မှု ပြုလုပ်ခြင်းသည် လက်ခံနိုင်သော ကိစ္စရပ်မဟုတ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ဆွီဒင် နှင့် နော်ဝေ နိုင်ငံအစိုးရတို့ကလည်း မေလ ၃၀ ရက်၌ ဒိန်းမတ်နိုင်ငံအစိုးရအား မီဒီယာမှ ဖော်ပြခဲ့သည့် အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအေဂျင်စီ က ဒိန်းမတ် သတင်းအချက်အလက်ဌာန မှ တစ်ဆင့် ဆောင်ရွက်ခဲ့သည့် သူလျှိုလှုပ်ရှားမှုနှင့်ပတ်သက်၍ ချက်ချင်းအကြောင်းပြန်ပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့သည်။

ဒိန်းမတ် သတင်းမီဒီယာ အနေဖြင့် ၂၀၂၀ သြဂုတ်လ၌ အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအေဂျင်စီ အနေဖြင့် ဒိန်းမတ် အမျိုးသားကာကွယ်ရေး သတင်းအချက်အလက်ဌာန မှ တစ်ဆင့် ဒိန်းမတ်ပြည်သူလူထုတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအပါအဝင် အင်တာနက်ကွန်ရက်အတွင်းရှိ မူရင်းအချက်အလက်များကို လွတ်လပ်စွာရယူနိုင်ကြောင်း ရေးသားဖော်ပြခဲ့သည်။ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး Trine Bramsen က အဆိုပါသတင်းဖော်ပြချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်ပြုလုပ်ရာတွင် သတင်းအချက်အလက်ဌာန၏ လှုပ်ဆောင်မှုသည် ဒိန်းမတ်နိုင်ငံတော် ဥပဒေကို ချိုးဖောက်သည်ဟု သံသယရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ ထို့နောက်တွင် ယင်းအချိန်၌ ဒိန်းမတ် အမျိုးသားကာကွယ်ရေး သတင်းအချက်အလက်ဌာန ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် Lars Findsen နှင့် သတင်းအချက်အလက်ဌာနမှ ဝန်ထမ်းနှစ်ဦးသည် ရာထူးမှ ရပ်နားခြင်း ခံလိုက်ရကြောင်း သိရှိရသည်။ (Xinhua)

—————————————————-
(Chinese Version)

(国际)丹麦媒体曝美国安局利用丹情报部门监听盟国领导人

新华社哥本哈根5月30日电(记者林晶)丹麦广播公司30日推出特别报道,揭露美国国家安全局通过丹麦国防情报局接入丹麦互联网获取原始数据,以监视(监听)包括德国总理默克尔在内的盟国领导人。

报道说,丹麦广播公司与瑞典、挪威、德国和法国媒体合作,在丹国防情报局内部知情人士提供线索的基础上,在一项针对丹国防情报局的秘密内部调查中发现了“惊人的结果”。这个代号为“邓哈默行动”的内部调查报告于2015年5月完成,其中一个重要结论是:美国家安全局通过与丹国防情报局合作,可有目的地接入丹麦的互联网获取数据,从而能够秘密监视(监听)目标国家元首,如德国总理默克尔以及法国、瑞典、挪威等盟国领导人和高层政客。

丹麦国防大臣布拉姆森当天晚些时候在一封给丹麦广播公司的电子邮件中回应说,对亲密盟友进行系统窃听是不可接受的。当天,挪威和瑞典政府已要求丹麦政府立即对媒体报道的美国家安全局通过丹情报部门进行间谍活动做出答复。

2020年8月,丹麦媒体曾报道美国国家安全局通过丹国防情报局可自由获取包括丹麦公民隐私信息在内的互联网原始数据。布拉姆森随后在一份新闻公报中批评情报局的活动“涉嫌违反丹麦法律”。时任丹国防情报局长拉尔斯•芬森和另外两名情报局工作人员被停职。(完)

Photo
马里兰州米德堡,美国国家安全局。(图片来源:新华/美联)