Connect with us

Europe

စီးရီးအေတွင် ၂၀၂၀-၂၀၂၁ ၏ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် လူကာကူး အမည်စာရင်းတင်သွင်းခံရ

ရောမ၊ဇွန် ၁ ရက်(ဆင်ဟွာ)

အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူးသည် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံးအားကစားသမားဆု(MVP)အတွက် အမည်စာရင်းတင်သွင်းခံရကြောင်း အီတလီထိပ်တန်းဘောလုံးပြိုင်ပွဲစီးရီးအေက မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။လူကာကူးအတွက် တန်ဖိုးအရှိဆုံးအားကစားသမား ဆုပေးရန် အပြင် စီးရီးအေသည် ယခုနှစ်ဘောလုံးရာသီအတွက် အသက် ၂၃ နှစ်အောက် ကစားသမားဆု ၊ အကောင်းဆုံးဂိုးသမားဆု ၊ အကောင်းဆုံးအလယ်တန်းဆု ၊ အကောင်းဆုံး နောက်တန်းဆု နှင့် အကောင်းဆုံးတိုက်စစ်မှူးဆု များအတွက်လည်း အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

လူကာကူးသည် ပြီးခဲ့သောဘောလုံးရာသီတွင် သွင်းဂိုး ၂၄ ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ပေးခဲ့ကြောင်း ၊ ယင်းကြောင့်ပင် အင်တာမီလန်အသင်းသည် ၁၁ နှစ်ကြာဝေးကွာနေခဲ့သော စီးရီးအေချန်ပီယံ Scudetto ဖလားကြီးကို ဆွတ်ခူးရရှိခဲ့ပြီး ဂျူဗင်တပ်အသင်းလွှမ်းမိုးထားခြင်းကို အဆုံးသတ်နိုင်ခဲ့သည်။ အခြားအင်တာကစားသမားတစ်ဦးဖြစ်သူ Nicolo Barella သည် အကောင်းဆုံးကွင်းလယ်ကစားသမားဆုရရှိခဲ့သည်။

ဂျူဗင်တပ်အသင်းအတွက် သွင်းဂိုး ၂၉ ဂိုးဖြင့် ဂိုးအများဆုံးသွင်းပေးခဲ့သူ ခရစ်စတီယာနိုရော်နယ်ဒိုက အကောင်းဆုံးတိုက်စစ်မှူးဆု ဆွတ်ခူးရရှိခဲ့သည်။ အကောင်းဆုံးဂိုးသမားဆုကို အေစီမီလန်အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးနေပြီးဖြစ်သည့် မကြာခင် ဂျူဗင်တပ်အသင်း သို့မဟုတ် စပိန်ဘာဆီလိုနာအသင်းသို့ပြောင်းရွှေ့ရန် ပြင်ဆင်နေသော ဂိုးသမား Gianluigi Donnarumma က ဆွတ်ခူးရရှိခဲ့သည်။
ဖီရင်အိုတီနားအသင်းတွင် တောက်ပလာသည့် လူငယ်ကစားသမား Dustan Vlahovic က အကောင်းဆုံး အသက် ၂၃ နှစ်အောက် လူငယ်ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပြီး အတ္တလန္တာအသင်းမှ Cristian Romero က အကောင်းဆုံး နောက်တန်းကစားသမားဆု အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။(Xinhua)

၂၀၂၀-၂၀၂၁ ဘောလုံးရာသီစီးရီးအေး အကောင်းဆုံးဆုရှင်များ

အကောင်းဆုံးဂိုးသမားဆု – ဒွန်နာရမ်မာ(အေစီမီလန်)
အကောင်းဆုံးနောက်တန်းဆု – ခရစ်စတိန်းရိုမဲရိုး (အတ္တလန္တာ)
အကောင်းဆုံးအလယ်တန်းဆု- နီကိုလိုဘရီလာ (အင်တာမီလန်)
အကောင်းဆုံး ရှေ့တန်းဆု – ခရစ်စတီယာနိုရော်နယ်ဒို (ဂျူဗင်တပ်)
လူငယ်ကစားသမားဆု – ဒတ်စ်တန်ဗယ်လာဟိုဗစ် (ဖီရင်အိုတီးနား)
တန်ဖိုးအရှိဆုံးကစားသမားဆု – လူကာကူး ( အင်တာမီလန်) (Xinhua)

——————————————————
(English Version)

Lukaku named MVP of 2020-21 Serie A

ROME, May 31 (Xinhua) — Inter Milan’s striker Romelu Lukaku has been named as the Most Valuable Player of the 2020-21 Serie A season, Italy’s top-flight football league revealed on Monday.

In addition to Lukaku’s awards, the Lega Serie A also named this season’s Best Under 23, Best Goalkeeper, Best Defender, Best Midfielder, and Best Striker.
Lukaku provided 24 goals and 11 assists last season, in which Inter won the Scudetto after 11 years, ending Juventus’ dominance. Another Inter player Nicolo Barella won the best midfielder.

Cristiano Ronaldo was awarded the best striker, as the talisman of Juve topped the scoresheet with a tally of 29 goals.
The best goalkeeper went to AC Milan shot-stopper Gianluigi Donnarumma who is on an expiring contract and linked to a move to Juve or Barcelona.
Elsewhere, Fiorentina’s starlet Dustan Vlahovic won the best Under 23, while Atalanta’s Cristian Romero picked up the best defender.

Cristiano Ronaldo was awarded the best striker, as the talisman of Juve topped the scoresheet with a tally of 29 goals.

The best goalkeeper went to AC Milan shot-stopper Gianluigi Donnarumma who is on an expiring contract and linked to a move to Juve or Barcelona.

Elsewhere, Fiorentina’s starlet Dustan Vlahovic won the best Under 23, while Atalanta’s Cristian Romero picked up the best defender.

Following are the Serie A awards winners:
BEST GOALKEEPER: Gianluigi Donnarumma (AC Milan)
BEST DEFENDER: Cristian Romero (Atalanta)
BEST MIDFIELDER: Nicolo Barella (Inter Milan)
BEST STRIKER: Cristiano Ronaldo (Juventus)
BEST YOUNG PLAYER: Dustan Vlahovic (Fiorentina)
MVP: Romelu Lukaku (Inter Milan)
Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.