Connect with us

Environment, Disasters & Accidents

အမြန်လမ်းတွင် Hilux ယာဉ်တိမ်းမှောက်၊ ယာဉ်မောင်းနေရာတွင် မီးလောင်သေဆုံး

Hilux ယာဉ်တိမ်းမှောက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဇီးပင်သာ အမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင်အမှတ်၁၅၀/၆နှင့် ၁၅၀/၇ အကြား ယာဉ်မောင်း စောမောနီးထူး မောင်းနှင်လာသော ဘုရားဖူး ယာဉ်သည် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်က ဝဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိမ်းနိုင်ဘဲ လမ်းပေါ်သို့တိမ်းမှောက်၍ မီးလောင်ကျွမ်းခဲ့ကြောင်း ယာဉ်မောင်း မှာ တိမ်းမှောက်သည့် နေရာတွင်မီးလောင်သေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းအပါအဝင် ၁၆ဦးအနက် အမျိုးသား လေးဦး အမျိုးသမီး ငါးဦး ပေါင်း ၉ ဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားကြောင်းအမြန် လမ်း ရဲတပ်ဖွဲ့မှသိရသည်။သို့ပါ၍ ဇီးပင်သာအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၃၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄/၃၃၇/၃၃၈/၂၈၅ အရအရေးယူ အမှုဖွင်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.