Connect with us

Environment, Disasters & Accidents

ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ၃၁ မြို့နယ်တွင် ဆိုင်ကယ်စီးခွင့် မပြုဟု ဝန်ကြီး အတည်ပြု ပြောကြား

ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ဧရိယာအတွင်း ဆိုင်ကယ်စီးသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဧရိယာအတွင်းရှိ မြို့နယ် ၃၁ မြို့နယ်တို့တွင် မော်တော်ဆိုင်ကယ် စီးခွင့် မပြုနိုင်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ပြောကြားခဲ့သည်။

“ရွှေပြည်သာ မြို့နယ်နဲ့လှိုင်သာယာမြို့နယ်မှာ ၂၀၁၆ ဇန်နဝါရီလမှ စက်တင်ဘာလအထိ မော်တော်ဆိုင်ကယ် ကြောင့် မတော်တဆဖြစ်ပွားမှု ၅၃ မှုရှိခဲ့ပြီး သေဆုံးသူ ၁၆ ဦးနဲ့ဒဏ်ရာရသူ ၆၄ ဦး ရှိခဲ့ပါတယ်၊ လူဦးရေ ထူထပ် တဲ့ အဆိုပါ မြို့နယ်တွေမှာ မော်တော်ဆိုင်ကယ်ကြောင့် ပြည်သူများ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ အတွက် လတ်တလော အခြေအနေအရ မော်တော်ဆိုင်ကယ် စီးခွင့် မပြုနိုင်ကြောင်းနဲ့ လိုင်စင် ထုတ်ပေး ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြေကြားထားပါတယ်၊ မိမိတို့ဝန်ကြီးဌာနကလည်း ဒေသ အာဏာပိုင်အဖွဲ့ရဲ့ သဘောထားနဲ့အညီ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်များကို အကောင် အထည် ဖော်ရန် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဖြေကြားချက်ပါအတိုင်း ဆိုင်ကယ် စီးနင်းမှုကို ခွင့်မပြုနိုင်ကြောင်း ဖြေကြားအပ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒသကြီး ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းက ရွှေပြည်သာနှင့် လှိုင်သာယာကဲ့သို့မြို့သစ်များတွင် ဆိုင်ကယ်စီးခွင့်ပြုရန်နှင့် သက်ဆိုင်ရာ မြို့နယ်အလိုက် ဆိုင်ကယ် လိုင်စင်များ ထုတ်ပေးရန် အစီအစဉ် ရှိ မရှိ ဟူသည့် အမေးကို အစိုးရအဖွဲ့ကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅ မြို့နယ် ရှိသည့်အနက် ရွှေပြည်သာနှင့် လှိုင်သာယာမြို့များ အပါအဝင် ၃၁ မြို့နယ်မှာ ရန်ကုန် စည်ပင်သာယာ ရေး ဧရိယာတွင် ရှိပြီး ၎င်းဧရိယာအတွင်း ခွင့်ပြုချက် မရှိဘဲ မော်တော်ဆိုင်ကယ် စီးနင်းဝင်ရောက်ခြင်း မပြုရဟု ၂၀၁၄ နိုဝင်ဘာ ၃၁ ရက်နေ့စွဲဖြင့် တားမြစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တစ်ခုလုံး အတိုင်းအတာဖြင့် ၂၀၁၆ ဇန်နဝါရီလမှ စက်တင်ဘာလအထိ မော်တော်ဆိုင်ကယ် ကြောင့် မတော်တဆဖြစ်ပွားမှု ၂၀၁၆ ဇန်နဝါရီလမှ စက်တင်ဘာလအထိ မော်တော်ဆိုင်ကယ်ကြောင့် ယာဉ် မတော်တဆဖြစ်ပွားမှုများမှာ ယာဉ်မတော်တဆမှု ၁၂၅၄၅ မှုတွင် မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားမှုမှာ ၆၀၅၁ မှု ဖြစ်ပြီး ၄၁ ဒသမ ၂၃ ရာခိုင်နှုန်း ရှိကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူ ၂၀၀၇၄ ဦးတွင် မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားသူ ၉၇၉၀ ဦးရှိ၍ ၄၈ ဒသမ ၇၇ ရာခိုင်နှုန်း ရှိကြောင်း၊ ယာဉ်မတော်တဆမှု ကြောင့် သေဆုံးသူ ၃၆၀၃ ဦးရှိခဲ့ရာ မော်တော်ဆိုင်ကယ်ကြောင့် သေဆုံးသူ ၁၅၃၅ ဦး ရှိ၍ ၄၂ ဒသမ ၆၀ ရာခိုင်နှုန်း ရှိကြောင်းလည်း ဝန်ကြီးက လွှတ်တော်သို့ရှင်းပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးရေ များပြားလာခြင်း၊ ယာဉ်များ စည်းကမ်းတကျ မောင်းနှင်မှု မရှိခြင်း၊ ပြိုင်မောင်းခြင်းများကြောင့် ယာဉ်အန္တရာယ် များပြားလာသဖြင့် လမ်းအသုံးပြုသူများ သွားလာမှု လွယ်ကူ ချောမွေ့စေရေး၊ ယာဉ်အန္တရာယ် လျော့နည်းစေရေး တို့အတွက် ၁၉၉၉ ခုနှစ် ဧပြီလ ၉၁) ရက်နေ့မှ စပြီး မော်တော်ဆိုင်ကယ်များအား ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း မှတ်ပုံတင်ခွင့်၊ စီးနင်းခွင့် မပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.