Connect with us

Latin America

တွစ်တာက ၎င်း၏ အမှုဆောင်အရာရှိချုပ် အကောင့်အား မှာယွင်းကာ ယာယီအပိတ်ခံရ

တွစ်တာ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျက် ဒေါ်စီအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တွစ်တာ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျက် ဒေါ်စီ (Jack Dorsey) ၏ ကိုယ်ပိုင် အကောင့်အား တွစ်တာက နိုဝင်ဘာလ ၂၂ ရက်ညပိုင်း၌ မှားယွင်းကာ ယာယီ အပိတ်ခံခဲ့ရသဖြင့် အင်တာနက် သုံးစွဲသူများအကြား အံ့သြတကြီးနှင့် ဟာသသဖွယ် ဖြစ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ အကောင့် ယာယီအပိတ်ခံရပြီး အကောင့် ပြန်လည်ရရှိပြီးနောက် သုံးစွဲသူ ၂၉၀၀ ကျော်က အဆိုပါ ပို့စ်အား ပြန်လည်တင်ထား (retweet) ကာ အင်တာနက် သုံးစွဲသူ ၅၀၀၀ ကျော်က လိုက်ခ် (Like) အမှတ်အသား ပေးခဲ့ကြောင်း ဒေါ်စီက ၎င်း၏ အကောင့်၌ ရေးသားထားသည်။

ဖော်လိုဝါ (Follower) အချို့က “တွစ်တာ ဟက်ခ်ခံရပြီလား” ဟု စနောက်ခဲ့သလို၊ “ဂျက် မင်းတော့ အပြစ်ပေးခံရပြီ” ဟူ၍လည်း အချို့က ရေးသားထားခဲ့ကြောင်း သိရသည်။

တွစ်တာ နက်ခ်ဝပ်အတွင်းပိုင်း မှားယွင်းမှု တစ်ခုကြောင့် ၁၅ မိနစ်နီးပါး အကောင့် ယာယီ ပိတ်ခံရသည်ဟု ဒေါ်စီက ရေးသားထားခဲ့သော်လည်း ယင်း အခိုက်အတန့် ချို့ယွင်းချက်အား ဖော်လိုဝါများအကြား ဟာသနှင့် ထေ့ငေါ့စရာ ဖြစ်သွားခဲ့သည်။

အဖွဲ့ဝင်များ၏ အကောင့်များအား ယာယီ ပိတ်ပစ်ရန် တွစ်တာ၌ မူလ ဥပဒေ ရှိထားပြီး ဖြစ်ကြောင်း၊ ကုမ္ပဏီ အနေဖြင့် အကောင့် စည်းကမ်း ချိုးဖောက်ခံရကြောင်း သုံးစွဲသူများ၏ တိုင်ကြားချက်များအား ပြန်လည် သုံးသပ်ကာ ယင်း အကောင့်ကို ယာယီ ပိတ်သိမ်းသင့် မသင့် ဆုံးဖြတ်ကြောင်း သိရသည်။

သို့သော် ယခု ဖြစ်ပွားခဲ့သည့် တွစ်တာ စီအီးအို၏ ဖြစ်ရပ်တွင်မူ အထက်ပါ စည်းမျဉ်းများကြောင့် ယာယီ ပိတ်ခံရခြင်း မဟုတ်ဟု ဆိုသည်။

၎င်း၏ အကောင့် ပြန်ရပြီးနောက် မိုက်ခရိုဆော့ဖ် ဖောင်ဒါ ဘီလ်ဂိတ်ထံမှ ပြန်လည် ရေးသားထားသည့် အကြောင်းအရာ တစ်ခု အပါအဝင် (Tweet) အသစ် ငါးခုအား ဒေါ်စီက ၎င်း၏ အကောင့်၌ ပြန်တင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.