Connect with us

Latin America

ကလေးညစ်ညမ်းဓာတ်ပုံ အွန်လိုင်းတင်သူ ၁၅ ဦးကို ဘရာဇီးရဲတပ်ဖွဲ့ဖမ်းဆီး

ညစ်ညမ်းဓာတ်ပုံများ အွန်လိုင်းတင်သူနေအိမ်ကို ဘရာဇီးရဲတပ်ဖွဲ့ ဝင်များ စီးနင်းနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ နိုဝင်ဘာ ၂၃ (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက်က ကလေးငယ်များ၏ အမြင်မတင့်တယ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ညစ်ညမ်းဓာတ်ပုံ အွန်လိုင်းတင်ခဲ့သူ ၁၅ ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးသည် ဘရာဇီးနိုင်ငံရှိ ပြည်နယ် ၁၆ ခုတွင် ကလေးသူငယ်ညစ်ညမ်းဓာတ်ပုံများ အွန်လိုင်းတင်သည့် ကွန်ရက်တစ်ခုကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းစစ်ဆင်ရေးကို ရဲတပ်ဖွဲ့ဝင် အင်အား ၃ဝဝ ခန့်ဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ဘရာဇီး ရဲတပ်ဖွဲ့ကဆိုသည်။

ကလေးသူငယ်များ၏ ညစ်ညမ်းဓာတ်ပုံကို အွန်လိုင်းတင်သည့် ကွန်ရက်တွင် သံသယရှိသူ စုစုပေါင်း ၆၇ ဦးထိ ရှိကြောင်း ၊ ၎င်းတို့သည် ကလေးသူငယ်များ နှင့် လိင်ဆက်ဆံသည့် ဓာတ်ပုံများ နှင့် ဗီဒီယိုဖိုင်များကို ဖြန့်ဝေခြင်းများတွင် ပါဝင်ကြသူများဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံပြည်ထောင်စု ရဲတပ်ဖွဲ့သည် deep web ဟုအမည်ပေးထားသော မြေအောက်အင်တာနက် အသုံးပြုသူများ ကွန်ရက်ကို နှစ်အတန်ကြာ စုံစမ်းထောက်လှမ်းမှုပြုလုပ်ခဲ့ရကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်က ဘရာဇီးရဲတပ်ဖွဲ့သည် ကလေးညစ်ညမ်းဓာတ်ပုံဖြန့်ဝေနေသည့် အင်တာနက်အသုံးပြုသူများကို အကြီးမားဆုံး စစ်ဆင်ရေးပြုလုပ်ပြီး ဖမ်းဆီးခဲ့သည်။ နိုဝင်ဘာလ ၂၂ ရက်ကပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.