Connect with us

Latin America

ဝစ်ကွန်စင်၊ မီချီဂန်နှင့် ပင်ဆယ်ဗေးနီးယား ပြည်နယ်များတွင် မဲရလဒ်များ ပြန်လည်ရေတွက်မည်

မောင့်ပလဲစင့်ပြည်နယ်တွင် ရွေးကောက်ပွဲ စည်းရုံးရေးဆင်းစဉ်က မိန့်ခွန်းပြောကြားနေသည့် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝစ်ကွန်စင်၊ မီချီဂန်နှင့် ပင်ဆယ်ဗေးနီးယား ပြည်နယ်များရှိ သမ္မတ ရွေးကောက်ပွဲ မဲ ရလဒ်များအား ပြန်လည်ရေတွက်ရန် ဂရင်းပါတီမှ သမ္မတလောင်း ဂျီလ် စတိန်းန်က တိုင်ကြားခဲ့ပြီး ၎င်းတို့အနေဖြင့် ပါဝင်ရန် ဆုံးဖြတ်လိုက်ကြောင်း ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် စည်းရုံးရေးအဖွဲ့ တာဝန်ရှိသူ မာ့ခ် အဲလစ်စ်က ပြောသည်။

ဝစ်ကွန်စင်ပြည်နယ်တွင် မဲရလဒ်များ ပြန်လည် ရေတွက်ပေးရန် ဂရင်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ သမ္မတလောင်း ဂျီလ် စတိန်းန် (Jill Stein) က နိုဝင်ဘာလ ၂၅ ရက်က တိုင်ကြားခဲ့ပြီး မီချိဂန်ပြည်နယ်နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ်များတွင်လည်း လာမည့် ရက်သတ္တပတ်အတွင်း မဲရလဒ် ပြန်လည် ရေတွက်ပေးပါရန် တိုင်ကြားခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ပထမဆုံးအကြိမ် ပြည်သူအား ဟောပြောရန် နယူးယောက်သို့ ရောက်ရှိလာသည့် ဟီလာရီ ကလင်တန်နှင့် ခင်ပွန်း သမ္မတဟောင်း ဘီလ်ကလင်တန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ပြည်နယ် သုံးခုလုံး၌ ဒေါ်နယ်ထရမ့်က ဟီလာရီ ကလင်တန်အား ပွတ်ကာသီကာလေး အနိုင်ရရှိခဲ့ပြီး ဂရင်းပါတီမှ စတိန်းန်ကမူ ပြည်နယ် တစ်ခုစီ၌ တစ်ရာခိုင်နှုန်းသာ မဲရရှိခဲ့သည်။

ထိုသို့ မဲပြန်လည် ရေတွက်မည်ဟူသော စတိန်းန်၏ တိုင်ကြားချက်သည် ရိုက်စားလုပ်ခြင်း တစ်ခုသာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်အား စိန်ခေါ်ခြင်းနှင့် အနှောင့်အယှက်ပြုမည့်အစား လေးစားလိုက်နာသင့်ကြောင်း ရွေးကောက်ခံ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ မီချီဂန်၊ ဝစ်ကွန်စင်နှင့် ပင်ဆယ်ဗေးနီးယား အပါအဝင် အရေးပါသော ပြည်နယ်များ၌ ဒေါ်နယ်ထရမ့်က အဓိက ပြိုင်ဘက်ဖြစ်သည့် ဟီလာရီ ကလင်တန်အား အနိုင်ရရှိခဲ့ပြီး နိုဝင်ဘာလ ၉ ရက်က အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအား ဒေါ်နယ်ထရမ့်အား တင်မြှောက်လိုက်ခြင်းခံခဲ့ရသည်။

ရွေးကောက်ပွဲ မဲရလဒ်များနှင့် ပတ်သက်၍ နိုင်ငံတစ်ဝန်းရှိ ကလင်တန်အား ထောက်ခံသူများ ထောင်ပေါင်းများစွာက ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သလို မဲရလဒ် ပြန်လည် ရေတွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.