Social
မြန်မာလုပ်သားများ မလေးရှားနိုင်ငံသို့စေလွှတ်မှုကို ယာယီရပ်ဆိုင်းမည်
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ လုပ်သားများအား မလေးရှားနိုင်ငံသို့ စေလွှတ်မှုကို ဒီဇင်ဘာ ၆ ရက်နေ့က စတင် ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများအားလုံးကို ညွှန်ကြားရေးမှူးချုပ် လက်မှတ်ဖြင့် ပေးပို့ထားသည်။
Cabinet ခွင့်ပြုချက်ကျပြီးသား အလုပ်ခေါ်စာများကိုအေဂျင်စီများက ကတိခံဝန်ချက်လက်မှတ်ရေးထိုးစေပြီး စေလွှတ်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
အေဂျင်စီများအနေဖြင့် အလုပ်ကမ်းလှမ်းလွှာနှင့် ပတ်သက်ပြီး အလုပ်သမားများ စေလွှတ်လိုပါက မလေးရှားနိုင်ငံရောက်ရှိပြီး အလုပ်သမားရေးရာ ပြဿ နာတစုံတရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာ အေဂျင်စီ ကျခံမှုနှင့် မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည်ခေါ်မည်ဖြစ်ကြောင်း၊ ဆောင်ရွက်နိုင်ခြင်း မရှိပါက အေဂျင်စီ လိုင်စင်ရုပ်သိမ်းသွားမည် ဖြစ်သည်။(Xinhua)