Connect with us

Social

ဘောလုံးပွဲစဉ်တွင် မှောင်ခိုရောင်းချသူများနှင့် ဓားလက်နက်များ သယ်ဆောင်သူများကို အရေးယူ ပြစ်ဒဏ်ချ

ဓားလက်နက်များ သယ်ဆောင်သူများအား သက်သေခံ ပစ္စည်းများနှင့် အတူ တွေ့ ရစဉ်(ဓာတ်ပုံ- Yangon Police)

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

ဆူဇူကီး ဖလား ၂၀၁၆ ဆီမီးဖိုင်နယ် ဘောလုံးပွဲစဉ် အဖြစ် မြန်မာ နှင့် ထိုင်း ဘောလုံး ပွဲတွင် ဆူပူ ရမ်းကား သူများအား သတိပေးဆုံးမပြီး လက်မှတ်များကိုအမြတ်တင်၍ မှောင်ခိုရောင်းချသူများနှင့်

ဓားလက်နက်များ သယ်ဆောင်သူများကို အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာ နှင့် ထိုင်း ဘောလုံး ပွဲတွင် လက်မှတ်များကို အမြတ်တင်၍ မှောင်ခိုရောင်းချသည့် ကျား(၅)ဦး၊ မ(၃)ဦးတို့အား အရေးယူ ဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၇ ရက်စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲ ပြီးဆုံးချိန်တွင် ကိုယ်ပိုင်ယာဉ်ဖြင့် တုတ်၊ ဓားလက်နက်များ သယ် ဆောင်လာကြောင်း

သတင်းအရ စစ်ဆေးရှာဖွေရာ ကိုယ်ပိုင်ယာဉ်တစ်စင်းပေါ်တွင် ယာဉ်အတွင်းမှ အရိုးအသွား

(၁၂) လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့် ဓားအိမ် ၁ခု၊ အရိုးအသွား(၈)လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်း၊ လေးခွ ၁ လက်၊ လောက်စာလုံး(၂၉)လုံးတို့အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ယာဉ်ပေါ် ပါရှိသူများအား သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၁၂၆၂/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ-၁၉(င)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဘောလုံးပွဲကစားစဉ်အချိန်တွင် ဆူပူရမ်းကားမှုများပြုလုပ်ခဲ့သည့် ၂၄ ဦးအား ရဲစခန်း၌ ဆုံးမစကား ပြောကြားပြီး ခံဝန်များပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.