Connect with us

Politics, Law & Military

မဟာမဲခေါင် ဒေသခွဲ ခရီးသွား လုပ်ငန်း ညှိနှိုင်းရေးရုံး ထူထောင်ရေး သဘောတူညီချက် မြန်မာ ပါဝင်မည်

ဒုတိယအကြိမ်းပြည်ထောင်စုလွှတ်တော်တတိယ ပုံမှန်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မဟာမဲခေါင် ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများ အကြား မဟာမဲခေါင် ဒေသခွဲ ခရီးသွား လုပ်ငန်း ညှိနှိုင်းရေးရုံး ထူထောင်ရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးရန် ယနေ့ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ပေးပို့လာသည့် အဆိုပါ ခရီးသွား လုပ်ငန်း ညှိနှိုင်းရေးရုံး ထူထောင်ရေး သဘောတူညီချက်နှင့် စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ် ကိုးဦးက ထောက်ခံ ဆွေးနွေးကာ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥိးအုန်းမောင်က ပြန်လည် ရှင်းလင်း ဆွေးနွေးကာ လွှတ်တော်က ထောက်ခံ အတည်ပြုခဲ့ခြင်း ဖြစ် သည်။

ကိုယ်စားလှယ်ကိုးဦးတို့က ဆွေးနွေးရာတွင် နိုင်ငံ့ စီးပွား ဖွံ့ဖြိုး တိုးတက်မှုနှင့် သဘာ၀ ပတ်ဝန်းကျင် ရေရှည် တည်တံ့မှု အလို့ငှာ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ခရီးသွား လုပ်ငန်းများ ပူးပေါင်း ပါဝင် မြှင့်တင်နိုင်ရေး ဟူသည့် ရည်ရွယ်ချက်များ ပါဝင်သည့် မဟာမဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်းရုံး ထူထောင်ရေး သဘောတူညီ ချက်ကို မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်ပြီး ဗီဇာ တစ်ခုတည်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ယဉ်ကျေးမှု အချက်အချာနေရာများ အနှံ့ လှည့်လည် သွားလာနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံပြီး သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း၊ အဖွဲ့ဝင် ခြောက်နိုင်ငံတို့အကြား ပိုမိုကောင်းမွန် သော ဆက်သွယ်ရေး စနစ် ချိတ်ဆက်နိုင်ပြီးကြီးမားသော ဈေးကွက်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ လျှပ်စစ် စွမ်းအားများ ဝေမျှ သုံးစွဲနိုင်ခြင်း စသည့် အချက်များ အပါအဝင် ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် ရရှိလာ သည်များ ရှိသကဲ့သို့ပြန်ပေး ဆပ်ရမှုများလည်း ရှိနိုင်သော ကြောင့် ဂရုတစိုက် ဆောင်ရွက်ရန်၊ အထူး သဖြင့် မြန်မာနိုင်ငံ၏ သမိုင်းတန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း သယံဇာတများ မဆုံးရှုံးစေရေး၊ ကမ္ဘာလှည့် ခရီးသည် များမှ တစ်ဆင့် ပြည်ပမှ ကူးစက်ရောဂါများ ပါမလာစေရေး အတွက်လည်း သတိပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ဝါးခယ်မ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်းက ဆွေးနွေးရာတွင် ပုံတောင် ပုံညာ ဒေသအား Eco tourism ဒေသ အဖြစ် ဖန်တီးပြီး ခရီးသွားများကို ဆွဲဆောင်သင့်သည် ဟုလည်းကောင်း၊ ဖာပွန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က ဆွေးနွေးရာတွင် တောတောင် စိမ့်စမ်းများ၊ တောတွင်း တိရစ္ဆာန်များ ပေါများသည့် ကိုလိုနီခေတ်ကကဲ့သို့ ဖာပွန်ဒေသကို အခြေတည်ပြီး ဆင်ဖြင့် ခရီးသွားခြင်း လုပ်ငန်း ဆောင်ရွက်သင့်သည် ဟုလည်းကောင်း အကြံပြု ပြောကြားခဲ့သည်။

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥိးအုန်းမောင်က “ကျွန်တော်တို့နိုင်ငံဟာ ခရီးသွား လုပ်ငန်းမှာ အာရှနိုင်ငံတွေနဲ့စာရင် နောက်ဆုံး ပွင့်လင်းလာတဲ့ နိုင်ငံဖြစ် ပါတယ်၊ ခရီးသည် လာ ရောက်မှုဟာ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ထက် အများကြီး နည်းနေပါတယ်၊ ဒါပေမယ့်လည်း အားငယ် စရာ မရှိပါဘူး၊ သဘာ၀ အရင်းအမြစ်တွေကို သေသေချာချာ သုံးသပ်ပြီး စီမံခန့်ခွဲမယ် ဆိုရင် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အခြေအနေတွေ အင်အားတွေ အများကြီး ရှိပါတယ်၊ ကျွန်တော်တို့မှာ ပြစရာ ရှေးဟောင်း အမွေအနှစ် တွေ အများကြီး ရှိပါတယ်၊ ဒါတွေကို ထိန်းသိမ်းပြီးတော့ ပိုပြီးဆွဲဆောင်မှု ရှိအောင် Tourism ပရိုမိုးရှင်း တွေ လုပ်သွားပါမယ်၊ ပုံတောင် ပုံညာဒေသတို့၊ ပျူ၊ ဟန်လင်း ဒေသတို့ဒါတွေကို အခုလာမယ့် လထဲမှာ စင်ကာပူမှာ ဓါတ်ပုံတွေ ပြပြီး promotion လုပ်ဖို့ရှိပါတယ်၊ မတ်လမှာ ဘာလင် ITP ပြပွဲမှာလည်း promotion သွားလုပ်ဖို့ရှိပါတယ်။ နောက်ပြီး ဧည့်သည်တွေ ဝင်လာတဲ့အခါ ကျန်းမာရေးကိစ္စတွေ၊ လုံခြုံရေး ကိစ္စတွေ ကိုလည်း ဘက်ပေါင်းစုံက သေသေချာချာ စဉ်းစားပြီး အဆင်သင့် ဖြစ်အောင် စီစဉ်သွားပါမယ်” ဟုလည်း လွှတ်တော်သို့ပြောခဲ့သည်။

ထို့နောက် မဟာမဲခေါင် ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများ အကြား မဟာမဲခေါင် ဒေသခွဲ ခရီးသွား လုပ်ငန်း ညှိနှိုင်းရေး ရုံး ထူထောင်ရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးရန် ယနေ့ပြည်ထောင်စု လွှတ် တော်က ကန့်ကွက်သူ မရှိ သဘောတူပြီး အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.