Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်တွင် ဆင်သုံးကောင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံး

ဆင်တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် စင့်ကင့်ကျေးရွာတွင် ဆင်သုံးကောင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရွာသား ငါးဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုင်းနင်းကျေးရွာဘက်မှ ရောက်ရှိလာသော ဆင်သားအမိ နှစ်ကောင်နှင့် ဆင်ထီးတစ်ကောင်၊ စုစုပေါင်း သုံးကောင်သည် ကျေးရွာအတွင်းသို့ စင့်ကင့်ကျေးရွာ ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် အိမ်မှလူများ ထွက်ပြေးကြရာ ဆင်ထီးမှ လိုက်လံတိုက်ခိုက်သဖြင့် လူလေးဦး ဒဏ်ရာရရှိခဲ့သဖြင့် မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံ သို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့ကြောင်း၊ ရွာ၏တောင်ဘက် ချောင်းတစ်ဖက် ရေမြောင်းအတွင်းတွင်လည်း လူတစ်ဦး လက်တစ်ဖက် ပြတ်လျက် သေဆုံးနေကြောင်း စုစုပေါင်း ဆင်တိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံးခဲ့ဟု သတင်းများအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.