Asia
ဆမ်ဆောင်း ကုမ္ပဏီ အရိုက်အရာ ဆက်ဆံမည့်သူကို ဖမ်းဝရမ်းထုတ်ရန်အတွက် တရားရုံးတွင် လာရောက် စစ်ဆေးခံ
ဆိုးလ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ အစိုးရရှေ့နေများက တောင်ကိုရီးယားနိုင်ငံ၏ မိသားစု လုပ်ငန်းကြီး တစ်ခု ဖြစ်သော ဆမ်ဆောင်း ကုမ္ပဏီ၏ အရိုက်အရာကို ဆက်ခံမည့်သူအား ဖမ်းဝရမ်း ထုတ်ဖို့ နှစ်ရက်ကြာ လုပ်ဆောင်ပြီးနောက် တရားရုံးက ဇန်နဝါရီလ ၁၈ ရက်တွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
ဆမ်ဆောင်း အီလက်ထရောနစ် ဒုတိယ ဥက္ကဋ္ဌ လီဂျေးယွန် (Lee Jae-Yong) အား ထိန်းသိမ်းရန်အတွက် အဆိုပါ ကြားနာမှုကို ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီတွင် ပြုလုပ်မည် ဖြစ်ပြီး ရလဒ်မှာ ညသန်းခေါင်ယံတွင် ထွက်ရှိနိုင်မည်ဟု မျှော်မှန်းထားသည်ဟု ဆိုသည်။
အကယ်၍ တရားရုံးက ထိန်းသိမ်းမည်ဟူသော ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါက လီသည် ချက်ချင်း ထိန်းသိမ်းခံရမည် ဖြစ်သလို ယင်း ဆုံးဖြတ်ချက် ပယ်ဖျက်ခံရပါက နေအိမ်သို့ ပြန်နိုင်မည် ဖြစ်သည်။
အခြေအနေ တင်းမာမှုနှင့် ရင်ဆိုင်နေရသော လီသည် ၎င်း၏ နံဘေး၌ ဝန်းရံနေသော သတင်းထောက် အစုအဝေး၏ မည်သည့် မေးခွန်းကိုမျှ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံ ရုပ်မြင်သံကြား ရိုက်ကူးမှုမှ တင်ပြခဲ့သည်။
တောင်ကိုရီးယား သမ္မတ ပက်ဂွမ်ဟေး ပါဝင်နေသော အရှုပ်တော်ပုံ စစ်ဆေးသည့် လွတ်လပ်သော တရားလွှတ်တော် ရှေ့နေများအဖွဲ့ တစ်ဖွဲ့က ဆမ်ဆောင်း ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌအား လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် အလွဲသုံးစားပြုမှုများဖြင့် တရားစွဲဆိုရန် တောင်းဆိုထားခြင်း ဖြစ်သည်။
ဆမ်ဆောင်း ကုမ္ပဏီအား သမ္မတ ပက်ဂွမ်ဟေးနှင့် ကာလရှည် ယုံကြည်ချစ်ခင်ခဲ့သည့် သူငယ်ချင်း Choi Soon-Sil ကို လာဘ်ပေးခဲ့မှုနှင့် ၂၀၁၅ ခုနှစ်တွင် ဆမ်ဆောင်း ကုမ္ပဏီအဖွဲ့ခွဲ နှစ်ခုထံမှ Choi ၏ သမီး အတွက် အမျိုးသား ရန်ပုံငွေမှ ထောက်ပံ့မှု ရရှိရန် ဆောင်ရွက်ခဲ့ခြင်းအတွက် သံသယရှိခြင်းခံထားရသည်။
အဆိုပါ ဆမ်ဆောင်း ကုမ္ပဏီ အဖွဲ့ခွဲ နှစ်ခုက လီအနေဖြင့် ကျန်းမာရေး မကောင်းသော ၎င်း၏ ဖခင် လီကွန်ဟီးထံမှ စီမံခန့်ခွဲမှုအားလုံး ရရှိပြီး ဆမ်ဆောင်းကို အမွေဆက်ခံရန်အတွက် အလွန် အရေးပါကြောင်း သိရသည်။ (Xinhua)