Connect with us

Asia

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ရှိ ဘာသာရေးပွဲတော်တစ်ခုအတွင်း လူပိမှုကြောင့် ၆ဦးသေဆုံး

အိန္ဒိယနိုင်ငံ တွင်ယခင်က ပြုလုပ်ခဲ့သည့် ဘာသာရေးပွဲတော်တစ်ခုအတွင်း လူအုပ်ပိမှုကြောင့် သေဆုံးသွားသူအချို့အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ဇန်နဝါရီ ၁၅ရက်ကပြုလုပ်ခဲ့သည့် အကြီးဆုံး ဘာသာရေးစုဝေးပွဲများအနက် တစ်ခုတွင် လူအုပ်ပိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၆ဦးသေဆုံးခဲ့ပြီး လူ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ပြည်နယ်မြို့တော် ကိုလ်ကတ္တားမြို့ မှ ၁၂၉ကီလိုမီတာ အကွာ ဂင်္ဂါဆာဂါကျွန်းရှိ ဆိပ်ခံတံတားတစ်ခုတွင် ဂင်္ဂါမြစ်နှင့် ပင်လယ်ပေါင်းစုံရာနေရာ၌ ရေနှစ်ဆုတောင်းမှုများပြုလုပ်ခဲ့သော ဘုရားဖူးများသည် ပညာရှိ Kapil Muni၏ ကျောင်းတော်သို့ သွားရောက်ရန် ဖယ်ရီသင်္ဘောပေါ်သို့ အလုအယက်တက်ကြရာမှ အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိကပြောခဲ့သည်။

၎င်းက လူအုပ်ပိမှုကြောင့် လူ၆ဦးအခင်းဖြစ်ပွားရာ၌ပင်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူအချို့သည် အခြေအနေစိုးရိမ်ရ၍ သေဆုံးသူဦးရေတိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်း ရုပ်သံလိုင်းတစ်ခု၏ ဖောြ်ပချက်အရ ပြည်နယ်အစိုးရသည် ၂၀၁၇ခုနှစ်အတွင်း အလားတူ ကိစ္စရပ်များမဖြစ်ပွားစေရန် အဆိုပါ ဧရိယာတစ်လျှောက်စောင့်ကြည့်ရန် ရဲတပ်ဖွဲ့ဝင် ၉,၀၀၀ကျော်၊ စောင့်ကြည့်ကင်မရာ ၁၆၅လုံး နှင့် မောင်းသူမဲ့လေယာဉ်တစ်စင်းတို့ကို ဖြန့်ကျက်ထားသည့်ကြားက ယင်းလူအုပ်ပိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲအရာရှိက လူအုပ်ပိမှုအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားချက်ရရှိထားကြောင်း၊ အကြီးတန်းရဲအရာရှိများ နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ အခင်းဖြစ်ပွားရာသို့ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ညွှန်ကြားပေးခဲ့ကြောင်း နှင့် မတော်တဆမှုဖြစ်ပွားရခြင်း၏ တိကျသောအကြောင်းရင်းကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။

ယခုဖြစ်ပွားခဲ့သော ဂင်္ဂါဆာဂါကျွန်း၌ လူအုပ်ပိမှုသည် ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၄ခုနှစ်တွင်လည်း အဆိုပါကျွန်းတွင် အလားတူလူအုပ်ပိမှုကြောင့် ဘုရားဖူး ၇ဦးသေဆုံးပြီး အခြား ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.