Connect with us

Science & Technology

နှစ်သန်းပေါင်း ၅၃၅ သက်တမ်းရှိသော ကျောက်ဖြစ်ရုပ်ကြွင်း သတ္တဝါက အစောဆုံး လူသားမျိုးနွယ် ဖြစ်နိုင်ဟု သုတေသန တွေ့ရှိချက်ကဆို

နှစ်သန်းပေါင်း ၅၃၅ သက်တမ်းရှိသော ကျောက်ဖြစ်ရုပ်ကြွင်း သတ္တဝါအား တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

လူသား အပါအဝင် အသက် အကြီးဆုံး သက်ရှိဗီဇအုပ်စုဝင် တစ်ခုဟု ယုံကြည်ရသည့် နှစ်သန်းပေါင်း ၅၃၅ ခန့်ရှိပြီး သေးငယ်လှသော သတ္တဝါ တစ်မျိုးကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သုတေသနအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တက္ကသိုလ်၊ ကိန်းဘရစ်ချ် တက္ကသိုလ်နှင့် အခြား အဖွဲ့အစည်းများတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ထို တွေ့ရှိချက်အား Nature အွန်လိုင်း သတင်း၌ ဇန်နဝါရီလ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်း သတ္တဝါငယ်သည် ကျောရိုးရှိ သတ္တဝါများ အပါအဝင် သက်ရှိ သတ္တဝါ အုပ်စုဝင် အမျိုးအစားထဲက အသက်အကြီးဆုံး ဥပမာ ဖြစ်နိုင်ကြောင်း သိရသည်။

တစ် မီလီမီတာ အရွယ်အစားရှိသော မျိုးသုဉ်းသွားပြီ ဖြစ်သည့် ရှေးဟောင်း သတ္တဝါ မျိုးစုဝင် Cambrian ကာလမှ ကျောက်ဖြစ် ရုပ်ကြွင်းများကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တွေ့ရှိခဲ့သည့် အိတ်ပုံသဏ္ဍာန်မှာ ပါးစပ်ပေါက် တစ်ပေါက် ဖြစ်ပြီး စအို မဟုတ်ကြောင်း၊ ယင်းသည် ဘေးဘက် အပေါက်များ ဖြစ်ပြီး ရေနှင့် စွန့်ပစ် ပစ္စည်းများအတွက် ဘက်စုံ အသုံးပြုခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

အဆိုပါ အပေါက်များသည် နောက်ပိုင်းတွင် ပါးဟပ် ပုံသဏ္ဍာန် ပြောင်းလဲလာခြင်း ဖြစ်နိုင်သလို ယခု တွေ့ရှိချက်သည် သက်ရှိ သတ္တဝါများ ဆင့်ကဲဖြစ်စဉ်၏ အရေးပါသော အဆင့် တစ်ခုဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက အကြံပြုထားသည်။

ယခု စာတမ်းအား ရေးသားသူနှင့် တရုတ်နိုင်ငံ သိပ္ပံ တက္ကသိုလ်၏ ပညာရှင် ဖြစ်သူ ရှူတယ်ကန်က နှစ်သန်းပေါင်း ၅၂၀ ခေတ်က သက်ရှိ သတ္တဝါများသည် တစ်စင်တီမီတာဝန်းကျင် အရွယ်အစားသာ ရှိကြောင်း၊ သေးငယ်သော သက်ရှိ သတ္တဝါများမှ ဆင့်ကဲ ပြောင်းလဲလာခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

“ပထမဆုံးတော့ သေးငယ်တဲ့ သတ္တဝါလေးပါပဲ၊ ပြီးနောက် ငါးလေး အရွယ်အစား ဖြစ်လာပြီး နောက်ဆုံးတော့ လူသားများ အဖြစ် ပြောင်းလဲလာတာပါပဲ” ဟု ရှူက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.