Connect with us

Science & Technology

တရုတ်နိုင်ငံအတွင်း ဝင်ရောက်သူများ၏ လက်ဗွေပုံစံများကို စုဆောင်းသွားမည်

လက်ဗွေပုံစံယူသည့် စက်ပေါ်တွင် လက်ဗွေနှိပ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသားများ၏ လက်ဗွေပုံစံများ ရယူသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနက ပြောကြားထားသည်။

၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ တစ်ဝန်းရှိ ဝင်-ထွက် ဋ္ဌာနများမှ ဖြတ်သန်းသွားမည့် အသက် ၁၄ နှစ်မှ ၇၀ နှစ်အကြား နိုင်ငံခြားသားများ၏ လက်ဗွေစနစ်အား စတင် စုဆောင်းသွားမည် ဖြစ်သည်။ သံတမန် ပတ်စ်ပို့ ကိုင်ဆောင်ထားသူ သို့မဟုတ် နှစ်နိုင်ငံ အပြန်အလှန် အခြေအနေများအတွက်မူ ယင်းစနစ်မှ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်သည်။

အဆိုပါ စနစ်သစ်အား ဖေဖောါဝါရီလ ၁၀ ရက်တွင် ရှန်းကျန့် လေဆိပ်မှာ ပထမဆုံး စမ်းသပ် လုပ်ဆောင်မည် ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ပြောကြားထားသည်။

လက်ဗွေစနစ် အပါအဝင် Biometric အချက်အလက်များ စုဆောင်းခြင်းသည် နယ်စပ် ဖြတ်ကျော်မှုအား ထိန်းချုပ်ရန် အရေးပါသော တိုင်းတာမှု တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံများစွာက ကျင့်သုံးနေပြီ ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117