Asia
ပါကစ္စတန် အနောက်မြောက်ပိုင်းက တရားရုံး တိုက်ခိုက်ခံရ၊ လူ ၄ ဦး သေဆုံး
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ချာဆတ်ဒါခရိုင်ရှိ တရားရုံး တစ်ရုံးအား ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) က အသေခံ ဗုံးခွဲမှု ဖြစ်ပွားပြီးနောက် လူ ၄ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများနှင့် မီဒီယာများက ပြောကြားခဲ့သည်။
သေဆုံးသူ ၄ ဦးမှာ ရှေ့နေ တစ်ဦးနှင့် အသေခံ ဗုံးခွဲသူ ၃ ဦး ဖြစ်ကြောင်း၊ အသေခံ ဗုံးဖောက်ခွဲသူများအား တရားရုံး အဝင်ဝ ဂိတ်ပေါက်တွင် ရဲက ပစ်သတ်ဖမ်းဆီးခြင်းကြောင့် ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများတွင် ရဲ ၅ ဦး ပါဝင်ကြောင်း၊ ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အသေခံ ဗုံးဖောက်ခွဲသူများအနက် တစ်ဦးက နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Charsadda ခရိုင် Tangi နယ်မြေရှိ မြို့နယ် တရားရုံး၏ အဝင်ဂိတ်ပေါက်၌ ၎င်းကိုယ်တိုင် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ခရိုင် ရဲအရာရှိ ဆိုဟေးခါလစ်က အတည်ပြု ပြောကြားခဲ့သည်။
အခြား တိုက်ခိုက်သူ နှစ်ဦးက တရားရုံးအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က သေနတ်ဖြင့် အသေ ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့သည်။
ထို့နောက် အခြား ရဲတပ်ဖွဲ့ဝင်များနှင့် အရံတပ်ဖွဲ့ဝင်များက အခင်း ဖြစ်ပွားရာ တရားရုံးသို့ ချက်ချင်း ရောက်ရှိလာခဲ့ပြီး အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။ (Xinhua)