Connect with us

Asia

အေပက်အဖွဲ့ဝင်များမှ ကိုယ်စားလှယ်များ အကောက်ခွန် လုပ်ငန်းလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဗီယက်နမ်တွင် ဆွေးနွေး

အကောက်ခွန် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပထမဆုံး အဆင့်မြင့် အရာရှိများ အစည်းအဝေးသို့ တက်ရောက်နေသည့် နိုင်ငံအလိုက် ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများ၏ အကောက်ခွန် ရုံးမှ ကိုယ်စားလှယ် ၅၀ ကျော်သည် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းဒေသ အလယ်ပိုင်းရှိ Khanh Hoa ပြည်နယ် Nha Trang မြို့၌ ရောက်ရှိနေကြောင်း သိရသည်။

အကောက်ခွန် လုပ်ထုံးလုပ်နည်းဆိုင်ရာ အေပက် ကော်မတီခွဲ (SCCP) အစည်းအဝေးပြီးနောက် APEC 2017 အစီအစဉ်၏ ပထမဆုံး အဆင့်မြင့် အရာရှိများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအား မတ်လ ၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက် (TFA) အား အကောင်အထည်ဖော်ရေး၊ one-stop-shop (OSS) လုပ်ထုံးလုပ်နည်း ချိတ်ဆက်မှု တိုးမြှင့်ရေး၊ အကောက်ခွန်လုပ်ငန်းဆိုင်ရာ သတင်း အချက်အလက် နည်းပညာနှင့် စွန့်စားနိုင်ခြေ စီမံခန့်ခွဲမှု၊ အသိဉာဏ်ပိုင်းဆိုင်ရာ အခွင့်အရေး နယ်စပ်ဖြတ်ကျော် စီမံခန့်ခွဲမှုနှင့် နယ်စပ် ဖြတ်ကျော် e-commerce မြှင့်တင်ရေး စသည့် အကြောင်းအရာများ ဦးတည် ဆွေးနွေးကြကြောင်း ဗီယက်နမ်နိုင်ငံပိုင် သတင်းအေဂျင်စီ VNA က ရေးသားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.