China
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် ပြောကြား
ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဧပြီ ၂၁ ရက် နံနက်ပိုင်းက ရုပ်သံလင့်ခ်မှတစ်ဆင့် အာရှဒေသဆိုင်ရာ ဘိုးအောက်(BFA) ၂၀၂၂ ခုနှစ် နှစ်ပတ်လည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
ထိုသို့မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီကျင့်ဖိန်က ကမ္ဘာ့လုံခြုံရေးအတူတကွတည်ရှိမှုအား မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အဆိုပြုချက်အား ပြောကြားခဲ့သည်။
ယင်းအဆိုပြုချက်တွင် တူညီ၊ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုရှိ၍ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို လက်ကိုင်ထားပြီ အတူတကွ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၊ နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရမည်ဖြစ်ပြီး တစ်ခြားနိုင်ငံ၏ပြည်တွင်းရေးကို မစွက်ဖက်ဘဲ နိုင်ငံအသီးသီးပြည်သူများ၏ မိမိသဘောဆန္ဒအလျောက်ရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းစဉ်နှင့်လူမှုစနစ်ကို လေးစားရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့်အခြေခံမူများအား လေးစားလိုက်နာရမည် ဖြစ်ပြီး စစ်အေးခေတ်အတွေးအခေါ် ကို စွန့်ပယ်၊ တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်ကာ အစုဖွဲ့နိုင်ငံရေးနှင့်အုပ်စုလိုက် ထိပ်တိုက်ရင်ဆိုင်မှုများကို ပြုလုပ်ရမည် မဟုတ်ကြောင်း၊ နိုင်ငံအသီးသီး၏ သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်ကို အလေးထားရမည် ဖြစ်ရာ လုံခြုံရေးကဏ္ဍ ခွဲခြားမရဟူသောမူကို လက်ကိုင်ထားကာ မျှတ၊ ထိရောက်၍ စဉ်ဆက်မပြတ်ရှိသည့် လုံခြုံရေးမူဘောင်ကို တည်ဆောက်ရမည်ဖြစ်ပြီး မိမိနိုင်ငံ၏လုံခြုံရေးသည် အခြားနိုင်ငံ၏မလုံခြုံမှုပေါ်တွင် အခြေခံ၍တည်ဆောက်ခြင်းအား ဆန့်ကျင်ရမည်ဖြစ်ကြောင်း ၊ တွေ့ဆုံစေ့စပ်ဆွေးနွေးညှိနှိုင်းသည့် ငြိမ်းချမ်းရေးနည်းလမ်းဖြင့် နိုင်ငံများအကြား ကွဲလွဲမှုနှင့်အငြင်းပွားမှုကို ဖြေရှင်းရမည်ဖြစ်ရာ ငြိမ်းချမ်းရေးဖြင့် အကျပ်အတည်းဖြေရှင်းရန် ကြိုးပမ်းမှုအား အကျိုးဖြစ်စေမည့် အားထုတ်မှုအားလုံးကို ထောက်ခံအားပေးရမည်ဖြစ်ကြောင်း ၊ စံနှုန်းနှစ်မျိုးထားရှိခြင်း၊ တစ်ဖက်သတ်ပိတ်ဆို့အရေးယူခြင်းနှင့်”လက်တံရှည်လှမ်းစီမံခြင်း”အား ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ သမာရိုးကျကဏ္ဍနှင့် သမာရိုးကျမဟုတ်သောကဏ္ဍ လုံခြုံရေးအား စုစည်းစီမံထိန်းသိမ်းရမည်ဖြစ်ပြီး ဒေသတွင်း အငြင်းပွားမှုနှင့်အကြမ်းဖက်ဝါဒ၊ ဥတုရာသီပြောင်းလဲမှု၊ ဆိုက်ဘာလုံခြုံရေး၊ ဇီဝလုံခြုံရေးစသည့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအား အတူရင်ဆိုင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
习近平提出全球安全倡议
2022-04-21 09:54:59
国家主席习近平21日上午以视频方式出席博鳌亚洲论坛2022年年会开幕式并发表主旨演讲。
习近平指出,为了促进世界安危与共,中方愿提出全球安全倡议:要坚持共同、综合、合作、可持续的安全观,共同维护世界和平和安全;坚持尊重各国主权、领土完整,不干涉别国内政,尊重各国人民自主选择的发展道路和社会制度;坚持遵守联合国宪章宗旨和原则,摒弃冷战思维,反对单边主义,不搞集团政治和阵营对抗;坚持重视各国合理安全关切,秉持安全不可分割原则,构建均衡、有效、可持续的安全架构,反对把本国安全建立在他国不安全的基础之上;坚持通过对话协商以和平方式解决国家间的分歧和争端,支持一切有利于和平解决危机的努力,不能搞双重标准,反对滥用单边制裁和“长臂管辖”;坚持统筹维护传统领域和非传统领域安全,共同应对地区争端和恐怖主义、气候变化、网络安全、生物安全等全球性问题。
图说1:4月21日上午,博鳌亚洲论坛2022年年会开幕式在海南博鳌举行,国家主席习近平以视频方式发表题为《携手迎接挑战,合作开创未来》的主旨演讲。 新华社记者 黄敬文 摄