Videos
တရုတ်နိုင်ငံ အနောက်ပိုင်းမှတစ်ဆင့် ကုန်းကြောင်း-ရေကြောင်းကုန်သွယ်ရေးစင်္ကြံကိုအသုံးပြုကာ ကုန်သွယ်မှုမြှင့်တင်
နန်နင်း၊ မေ ၃ ရက် (ဆင်ဟွာ)
ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက် (RCEP) သဘောတူညီချက် စတင်အသက်ဝင်သည်မှာ အချိန် ၄ လတာကာလသို့ရောက်ရှိလာစဉ် အဆိုပါသဘောတူညီချက်ကြောင့် တရုတ်နိုင်ငံ အနောက်ဘက်မှတစ်ဆင့် ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံတစ်လျှောက် ကုန်စည်ရထားပို့ဆောင်ရေးဝန်ဆောင်မှုများ မြင့်တက်လာခဲ့သည်။
RCEP သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံနှင့် တရုတ်နိုင်ငံအပါအဝင် ၎င်းတို့နှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ရှိသည့်မိတ်ဖက်နိုင်ငံများအကြား ကြီးမားသည့် ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်တစ်ခုဖြစ်သည်။
ဧပြီ ၂၇ ရက်တွင် စက္ကူပျော့ဖတ်များ၊ ကြွေထည်ပစ္စည်းများနှင့်အခြားကုန်စည်ပစ္စည်းများ အပြည့်တင်ဆောင်ထားသော ကုန်စည်ရထားကြီးသည် တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းမြို့ဖြစ်သည့် Qinzhou မြို့ရှိရာ မြောက်ဘက်အရပ် သို့ဦးတည်ထွက်ခွါခဲ့သည်။
နှစ်ရက်ခန့်အကြာတွင် ထိုရထားသည် တရုတ်နိုင်ငံအနောက်ပိုင်းချုံချင့်ဒေသသို့ရောက်ရှိခဲ့သည်။
၎င်းရထားသည် နိုင်ငံတကာ ကုန်းတွင်း-ရေကြောင်းကုန်သွယ်မှုစင်္ကြံအသစ်ကိုဖြတ်သန်းခဲ့ခြင်းဖြစ်သည်။
ယင်းမှာ စင်ကာပူနိုင်ငံနှင့်တရုတ်နိုင်ငံ အနောက်ပိုင်း ပြည်နယ်အဆင့်ဒေသများက ချုံချင့်ဒေသအား စီးပွားရေးဗဟိုချက်အဖြစ်ထားကာ ပူးပေါင်းဖောက်လုပ်ထားသည့် ကုန်စည်စီးဆင်းမှုနှင့်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။
Chongqing Xiaokang Group Import and Export Corporationမှ အထွေထွေမန်နေဂျာဖြစ်သူ ZHANG XINGYAN က “အရင်ကလို သမားရိုးကျ မြစ်ကနေတစ်ဆင့် ပင်လယ်ပြင်ကို ဖြတ်ပြီးသယ်ယူပို့ဆောင်ရေးကိုအသုံးပြုရင် ချုံချင့်ကနေ ဂျာကာတာ (အင်ဒိုနီးရှားနိုင်ငံ) ကိုကုန်စည်တွေသယ်ယူပို့ဆောင်ဖို့ အချိန် ရက်ပေါင်း ၃၀ ကျော်ကြာပါတယ်၊ ဒါပေမဲ့ အခု နိုင်ငံတကာ ကုန်းတွင်း-ရေကြောင်းကုန်သွယ်မှုစင်္ကြံအသစ် ကနေ ကုန်စည်တွေကိုသယ်ယူပို့ဆောင်ရာမှာ ရက်ပေါင်း ၂၀ ထက်ပိုပြီးမကြာတော့ဘူးဆိုတော့ သယ်ယူပို့ဆောင်ရာမှာ အချိန်ကိုတိုတောင်းစေတဲ့အပြင်ကျွန်တော်တို့ရဲ့ ကုမ္ပဏီအတွက် အထွေထွေ သယ်ယူပို့ဆောင်စရိတ်ကိုလည်းလျှော့ချပေးရာရောက်ပါတယ်” ဟုဆိုသည်။
၂၀၁၇ ခုနှစ် စတင်ဖွင့်လှစ်ကတည်းက နိုင်ငံတကာ ကုန်းတွင်း-ရေကြောင်းကုန်သွယ်မှုစင်္ကြံအသစ်အား အသုံးပြုပြီး ချုံချင့်မှ ကွန်တိန်နာပို့ဆောင်မှု အရေအတွက်မှာ အနည်းဆုံး ၃,၀၀၀ ရှိခဲ့ရာ ၂၀၂၁ ခုနှစ်အရောက်တွင် ၁၁၂,၀၀၀ အထိ တိုးတက်လာခဲ့သည်။
China Railway Nanning Group Co., Ltdမှ ကုန်စည် ပို့ဆောင်ရေးဈေးကွက်လေ့လာရေးမန်နေဂျာဖြစ်သူ LAN JINZONG က “ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ကုန်ပစ္စည်းအမျိုးအစားတွေလည်း ပိုမိုကျယ်ပြန့်လာပါတယ် အဲဒီထဲမှာ ဘိလပ်မြေတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေအပါအဝင် ကုန်ပစ္စည်းပေါင်း ၆၄၀ ကျော်ပါဝင်ပြီး ကောက်ပဲသီးနှံတွေကစလို့၊ မော်တော်ကားအပိုပစ္စည်းတွေ၊ ကွန်ပျူတာပစ္စည်းတွေရောနောက်ပြီး အိမ်အလှဆင်ပစ္စည်းတွေအဆုံးအကုန်ပို့လို့ရပါတယ်။ နိုင်ငံတကာ ကုန်းတွင်း-ရေကြောင်းကုန်သွယ်မှုစင်္ကြံ အသစ် ဟာဆိုရင် တရုတ်နိုင်ငံအနောက်ပိုင်းနဲ့ တစ်ကမ္ဘာလုံးကို ချိတ်ဆက်ပေးနိုင်တဲ့ အခရာကျတဲ့လမ်းကြောင်းတစ်ခုဖြစ်လာပြီး ပြည်တွင်းရော ပြည်ပ ဈေးကွက် နှစ်မျိုးစလုံးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပြီပဲဖြစ်ပါတယ်” ဟုဆိုသည်။ဆင်ဟွာသတင်းထောက်များက နန်နင်းမြို့မှ သတင်းပေးပို့နေခြင်းဖြစ်သည်။ (Xinhua)
………………………
(English Version)
GLOBALink | RCEP boosts trade along land-sea trade corridor through western China
NANNING, May 1 (Xinhua) — After the Regional Comprehensive Economic Partnership (RCEP) went into effect four months ago, the deal has boosted freight train services along a land-sea trade corridor through western China.
The RCEP is a mega trade pact between 10 ASEAN member states and its FTA partners, including China.
On Wednesday, a freight train fully loaded with paper pulp, ceramic tiles, and other products, headed northward from the southern port city of Qinzhou.
Two days later, it arrived in western China’s Chongqing.
The train traveled through the New International Land-Sea Trade Corridor.
It’s a trade and logistics passage jointly built by Singapore and provincial-level regions of western China, with Chongqing as its center of operations.
Since its opening in 2017, the number of TEUs transported from Chongqing through the New International Land-Sea Trade Corridor rose from less than 3,000 to 112,000 in 2021.
The New International Land-Sea Trade Corridor has become an important channel connecting western China with the rest of the world, and works as an important engine for the “dual circulation” of domestic and overseas markets.
Produced by Xinhua Global Service