Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ အန်ကောသို့ ယခုနှစ် ပထမ လေးလအတွင်း နိုင်ငံတကာခရီးသွား ဝင်ရောက်မှု ၆ ဆ တိုးလာ

ဖနွမ်းပင် ၊ မေ ၃ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် ယခုနှစ်ပထမလေးလအတွင်း နိုင်ငံခြားသားဧည့်သည် ၃၃,၂၀၅ ဦး ဝင်ရောက်ခဲ့ပြီး နှစ်အလိုက် ၆၃၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံပိုင် Angkor Enterprise က မေ ၂ ရက်တွင် ပြောကြားခဲ့သည်။အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် ဇန်နဝါရီလမှ ဧပြီလအထိကာလအတွင်း လက်မှတ်ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ သန်း ဝင်ငွေ ရရှိခဲ့ပြီး ပြီးခဲ့သောနှစ်ကထက် ၆၂၂ ရာခိုင်နှုန်း တိုးလာကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ် အန်ကော ရှေးဟောင်း သုတေသနဥယျာဉ်အတွင်းရှိ ပြင်ဆင်မွမ်းမံမှုပြုလုပ်နေသည့် နေရာတစ်၌ အလုပ်လုပ်ကိုင်နေကြသည့် ဝန်ထမ်းများအား တွေ့ရစဉ်(ANA/Handout via Xinhua)

ဧပြီလ တစ်လတည်းတွင် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် နိုင်ငံခြားသားဧည့်သည် ၁၃,၃၆၅ ဦး ဝင်ရောက်ခဲ့ပြီး လက်မှတ်ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ ၅၃၇,၀၀၀ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် နိုဝင်ဘာလနှောင်းပိုင်းမှစတင်ကာ ကာကွယ်ဆေးထိုးနှံထားပြီးသော ခရီးသွားများအား Quarantine ဝင်ရောက်ရန် မလိုဘဲ နယ်စပ်မှှဝင်ရောက်ခွင့်ကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းကြောင့် ခရီးသွားလာမှုများ ပြန်လည်ကောင်းမွန်လာကြောင်း တာဝန်ရှိသူများက မှတ်ယူခဲ့သည်။

“ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ တစ်ရက်ကို နိုင်ငံခြားဧည့်သည် ၇၀ လောက်ကနေ တစ်ဖြည်းဖြည်း တိုးလာပြီးတော့ အခုအခါမှာတော့ တစ်ရက်ကို နိုင်ငံခြားဧည့်သည် ၄၀၀ လောက် အန်ကောကို ဝင်ရောက်ခဲ့ပါတယ်။”ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ အတွင်းဝန် နှင့် ပြောရေးဆိုခွင့်ရှိသူ Top Sopheak က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကပ်ရောဂါမဖြစ်ပွားမီအစောပိုင်းကာလတွင် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် တစ်ရက်လျှင် နိုင်ငံတကာခရီးသွားဦးရေ ၉,၀၀၀ အထိ ဝင်ရောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်၌ တည်ရှိသည့် ဧရိယာ ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် စာရင်းဝင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော်ကြားဆုံး ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သောနေရာဖြစ်ကြောင်း သိရသည်။

ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း လာရောက်လည်ပတ်သူ အနည်းငယ်သာ ရှိကြောင်း Apsara National Authority (ANA) ၏ ပြောရေးဆိုခွင့်ရှိသူနှင့် လက်ထောက်ညွှန်ကြားရေးမှူးချုပ် Long Kosal က ပြောကြားခဲ့သည်။ ANA သည် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်အတွင်း အသစ်ပြုပြင်ခြင်း ၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

“အခုချိန်မှာတော့ အန်ကောရှေးဟောင်းသုတေသနဥယျာဉ်က ကမ္ဘာတစ်ဝှမ်းက ခရီးသွားဧည့်သည်တွေအားလုံးကို ကြိုဆိုဖို့ အဆင်သင့်ပါပဲ။”ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့နိုင်ငံက ကာကွယ်ဆေးထိုးနှံထားတဲ့ ခရီးသွားတွေအတွက် Quarantine မလိုဘဲ နယ်စပ်ဒေသဂိတ်တွေ ပြန်လည်ဖွင့်လှစ်လိုက်တဲ့အတွက်ကြောင့် နိုင်ငံတကာခရီးသွားဧည့်သည်တွေဟာ မကြာမီကာလအတွင်းမှာ အန်ကောကိုလာရောက်ဖို့ သူတို့ရဲ့အားလပ်ရက်တွေ အသုံးပြုလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”ဟု လက်ထောက်ညွှန်ကြားရေးမှူးချုပ် Long Kosal က ဖြည့်စွက်ပြောကြားခဲ့သည်။

ကပ်ရောဂါမဖြစ်ပွားမီအစောပိုင်းကာလ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် နိုင်ငံခြားသားဧည့်သည် ၂ ဒသမ ၂ သန်းအထိ ဝင်ရောက်ခဲ့ပြီး လက်မှတ်ရောင်းချရမှုများမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၉ သန်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-

(English Version)

Int’l tourists to Cambodia’s Angkor up 6 fold in first 4 months of this year

PHNOM PENH, May 2 (Xinhua) — Cambodia’s famed Angkor Archaeological Park attracted 33,205 foreign visitors in the first four months of this year, up by 633 percent year-on-year, the state-owned Angkor Enterprise said on Monday.

The site made a gross revenue of 1.35 million U.S. dollars from ticket sales during the January-April period, an increase of 622 percent from a year earlier, it said in a statement.
In April alone, the Angkor Archaeological Park received 13,365 foreign visitors, earning 537,000 U.S. dollars from ticket sales, it said.

Officials attributed the tourist recovery to the country fully reopening its borders to vaccinated travelers without quarantine since last November.

“Now, the Angkor attracts about 400 foreign tourists a day, a gradual increase from only 70 per day during the pandemic in the past two years,” tourism ministry’s secretary of state and spokesman Top Sopheak told Xinhua.

Prior to the pandemic, the site received up to 9,000 international visitors a day, he said.
Located in the northwestern Siem Reap province, the 401-square-km Angkor Archaeological Park, inscribed on the World Heritage List of the United Nations Educational, Scientific and Cultural Organization (UNESCO) in 1992, is the Southeast Asian country’s most popular tourist destination.
Long Kosal, deputy director-general and spokesman for the Apsara National Authority (ANA), said that given few visitors during the pandemic, the ANA had taken the opportunity to do renovation, maintenance and gardening work in the Angkor Archaeological Park.

“Now, the Angkor Archaeological Park is ready to welcome all tourists from around the world,” he said.

“As our country has reopened its borders to fully vaccinated travelers without quarantine, I believe that more international tourists will spend their holidays visiting the Angkor in the near future,” he added.

Prior to the pandemic, the world heritage site attracted up to 2.2 million foreign visitors in 2019, making 99 million U.S. dollars in revenue from ticket sales. ■

Photo 1 – Photo taken on April 5, 2022 shows the Bayon Temple in the Angkor Archeological Park in Siem Reap province, Cambodia. China has been one of the key contributors to safeguarding, preserving and developing the famed Angkor Archaeological Park in northwest Cambodia’s Siem Reap province, officials said on Wednesday.

TO GO WITH “Roundup: China key contributor to safeguarding Cambodia’s famed Angkor Archaeological Park” (Photo by Van Pov/Xinhua)

Photo 2 – Undated photo shows staff members working at the restoration site of the Angkor Thom temple’s Takav Gate in the Angkor Archaeological Park in Siem Reap province, Cambodia. Archaeologists have discovered pieces of the 12th century Apsara, or fairy carvings, in the Angkor Archaeological Park in northwest Cambodia’s Siem Reap province, the APSARA National Authority (ANA) said in a statement on May 2, 2022. (ANA/Handout via Xinhua)