China
တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ချိန်တူး၊ ဇွန် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ယာအန်းမြို့တွင် ဇွန် ၁ ရက်ကငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သော ပြည်သူများသည် ဘက်စုံကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများပြီးနောက် ပုံမှန်နေထိုင်မှုဘဝများသို့ ပြန်လည်စတင်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ယာအန်းမြို့၊ Lushan ကောင်တီတွင် ဇွန် ၁ ရက် ညနေ ၅ နာရီက အင်အား ၆.၁ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် လူ ၄ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး အခြား ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ကြောင့် ယာအန်းမြို့ Baoxing ကောင်တီတွင် ညနေ ၅:၀၃ နာရီက အင်အား ၄.၅ ပမာဏရှိသော နောက်ဆက်တွဲငလျင်လှုပ်ခတ်ခဲ့သည်။
ဇွန် ၂ ရက် နံနက် ၉ နာရီအထိ Baoxing ကောင်တီတွင် သေဆုံးသူ ၃၄ ဦးနှင့် Lushan ကောင်တီတွင် ဒဏ်ရာရသူ ၁၁ ဦးရှိခဲ့ကြောင်း ယင်းမြို့၏ ငလျင်အန္တရာယ်လျော့ပါးရေးရုံးချုပ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများအား ဆေးကုသရန်အတွက် ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ယင်းအနက် တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိပြီး နှစ်ဦးမှာမူ ဒဏ်ရာပြင်းထန်သော်လည်း ယခုအခါ အခြေအနေတည်ငြိမ်လျက်ရှိကြောင်း၊ ဒဏ်ရာအနည်းငယ်ရရှိခဲ့သူ ၃၈ ဦးမှာလည်း ယခုအခါ စိုးရိမ်ဖွယ်မရှိတော့ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ယင်းမြို့တွင် နေထိုင်သူ စုစုပေါင်း ၁၃,၀၈၁ ဦး ထိခိုက်ခဲ့ကြောင်း ငလျင်ဘေးအန္တရာယ်လျော့ကျရေးရုံးချုပ်က ဆိုသည်။ ကောင်တီအတွင်းရှိ အဝေးပြေးလမ်းမ ၃ ခု၊ အမျိုးသားအဝေးပြေးလမ်း၏ လမ်းပိုင်းတစ်ခုနှင့် ငလျင်ဒဏ်ခံစားခဲ့ရသော အချို့နေရာများ၌ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း၊ စုစုပေါင်း နေအိမ် ၁၃၅ လုံး ဆိုးဝါးစွာပျက်စီးခဲ့ကြောင်း သိရသည်။
“ငလျင်လှုပ်တယ်လို့ သိလိုက်တဲ့အချိန်တုန်းက ကျွန်မက တောင်ပေါ်မှာ လက်ဖက်ခူးနေတာ။ သစ်ပင်ကိုသာ မဆွဲထားမိရင် ကျွန်မပြုတ်ကျသွားမှာပဲ” ဟု Lushan ကောင်တီ၊ Shengli ကျေးရွာသူတစ်ဦးဖြစ်သော Yang Jinmei က ပြောခဲ့သည်။
ယာအန်းမြို့ ဒုတိယမြို့တော် Gong Bing က ဇွန် ၁ ရက် ညပိုင်းက Lushan နှင့် Baoxing ကောင်တီများတွင် အရေးပေါ်တည်ဆောက်ခဲ့သော နေရာ ၆၁ ခုသို့ ဒေသခံ ၁၂,၇၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ငလျင်ဒဏ်ခံရတဲ့နေရာတွေဆီ တဲ ၄၀၀ ၊ ဂွမ်းစောင် ၂,၀၀၀ နဲ့ တဲမီးလုံး ၄၀၀ ပေးပို့ခဲ့ပါတယ်။ ပြောင်းစေ့၊ ဆီ၊ ဟင်းသီးဟင်းရွက်၊ အဝတ်အထည်၊ ဆေးဝါးနဲ့ အခြားအသုံးအဆောင်တွေကိုလည်း အခြေခံသုံးပစ္စည်းပံ့ပိုးမှု သေချာစေဖို့ အဲဒီနေရာတွေဆီပို့ပေးခဲ့ပါတယ်” ဟု Gong က ဆိုသည်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဌာန၊ ကျန်းမာရေးကဏ္ဍနှင့် အခြားနယ်ပယ်များမှ လူပေါင်း ၄,၆၀၀ ကျော်အား ငလျင်ဒဏ်ခံစားခဲ့ရသော နေရာများသို့ စေလွှတ်ကာ ဒဏ်ရာရသူများအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်ရန်၊ လမ်းများ ပြန်လည်ပြင်ဆင်ရန်နှင့် ထိခိုက်ခဲ့သော ဒေသခံများအား ပြန်လည်နေရာချထားရန် စေလွှတ်ခဲ့ကြောင်း သိရသည်။
“Gaokao” ဟု လူသိများသော နှစ်စဉ် အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲများ ကျင်းရန် ရက်အနည်းငယ်အလို၌ ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ဒေသအတွင်းရှိ အဆင့်မြင့်အထက်တန်းကျောင်းသားများမှာ ငလျင်ဒဏ်ခံရသည့်ကြားမှ ယာယီစာသင်ခန်းများ ဆောက်လုပ်ရန် ဆရာများအား ကူညီရေးပြင်ဆင်နေကြောင်း သိရသည်။
“ကျောင်းသားတွေ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲတွေနဲ့ အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲတွေ သေသေချာချာဖြေဆိုဖို့ လုပ်နိုင်တာတွေကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု Gong က ဆိုသည်။
“၂၀၁၃ ခုနှစ်က Lushan မှာ အင်အား ၇.၀ ပမာဏရှိတဲ့ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံတွေရဲ့ အရည်အသွေးမြင့်တက်လာမှုက ဒီတစ်ကြိမ်မှာ အဆောက်အဦတွေ ပျက်စီးမှုကြောင့် သေဆုံးသူ အမြောက်အများမဖြစ်သွားရတဲ့ အရေးကြီးဆုံးအကြောင်းရင်းပဲဖြစ်တယ်” ဟု စီချွမ်းပြည်နယ် မြို့တော် ချိန်တူးတွင် ငလျင်များလေ့လာရေးအဖွဲ့ဖြစ်သော Institute of Care-Life ညွှန်ကြားရေးမှူး Wang Tun က ဒေသခံ အရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်းများက ပြောခဲ့သည်။
“အချိန်နှင့်တစ်ပြေးညီ ငလျင်စောင့်ကြည့်ရေးနဲ့ ဆောလျင်စွာသတိပေးရေး၊ တင်းကြပ်တဲ့ ငလျင်ဒဏ်ခံ စံချိန်စံနှုန်းများ၊ လုံလောက်တဲ့ လေ့ကျင့်မှုနှင့် လူအများသိရှိမှု၊ လျင်မြန်တဲ့ အရေးပေါ်ကယ်ဆယ်ရေးယန္တရားတွေဟာ စီချွမ်းမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်တွေပြီးနောက် လူသေဆုံးမှု ကြီးကြီးမားမားမရှိရခြင်းရဲ့ အကြောင်းပြချက်တွေပါပဲ” ဟု Wang က ပြောခဲ့သည်။ (Xinhua)
………………………………………………
(English Version)
Rescue underway after earthquake hits China’s Sichuan
Source: XinhuaEditor: huaxia2022-06-03 00:22:14
CHENGDU, June 2 (Xinhua) — People affected by an earthquake that on Wednesday rattled the city of Ya’an, southwest China’s Sichuan Province, have begun to return to their normal lives after comprehensive rescue efforts.
Four people have been confirmed dead and 41 others injured after a 6.1-magnitude earthquake jolted Lushan County in Ya’an at 5 p.m. on Wednesday.
The earthquake was followed by a 4.5-magnitude quake at 5:03 p.m. in Baoxing County, also in Ya’an.
As of 9 a.m. Thursday, 34 casualties have been reported in Baoxing County and 11 injuries in Lushan County, the city’s earthquake relief headquarters told a press briefing.
Those injured have been sent to hospital for treatment. One is in critical condition, two who were seriously injured are now in stable conditions, and the 38 who suffered minor injuries are in no immediate danger.
A total of 13,081 people in the city have been affected by the earthquake, the relief headquarters said. Three county highways, a section of a national highway, and telecommunication in some parts of the affected areas were cut off. A total of 135 houses were severely damaged.
“I was picking tea leaves on the mountain when I felt the tremor. I would have fallen down if I hadn’t grasped the tree,” said Yang Jinmei, a resident of Shengli Village, Lushan County.
Gong Bing, deputy mayor of Ya’an, said that more than 12,700 residents have been relocated to 61 sites that were urgently set up in the counties of Lushan and Baoxing on Wednesday night.
“We have sent 400 tents, 2,000 quilts and 400 tent lights to the earthquake-struck areas. Grain, oil, vegetables, clothing, medicines and other materials have been transported to those sites to ensure the supply of basic living materials,” Gong said.
More than 4,600 people from emergency rescue teams, the armed police, the fire department, the medical sector and other areas have been dispatched to the earthquake-struck areas to search for and rescue people who have been injured, and to repair roads and relocate affected residents.
As the annual national college entrance examination known as the “Gaokao” will take place in just a few days, local high school seniors are preparing with the help of teachers in temporary classrooms despite the impact of the earthquake.
“We will spare no effort to ensure students are able to take the national college entrance examination and high school entrance examination safely and in an orderly manner,” Gong said.
“The improvement of the quality of buildings after a 7.0-magnitude earthquake in Lushan in 2013 was the most important reason why there was not a large number of casualties caused by collapsed buildings this time,” said Wang Tun, director of the Institute of Care-Life, an organization that studies earthquakes in Chengdu, the capital of Sichuan, and local emergency management authorities.
“Timely earthquake monitoring and early warnings, strict anti-seismic design standards, sufficient drills and publicity, and rapid emergency rescue mechanisms were also reasons why no heavy casualties were reported after the recent powerful earthquakes in Sichuan,” Wang said. ■
Photo 1 : Aerial photo taken on June 2, 2022 shows a temporary shelter at a school in Taiping Town of Lushan County, southwest China’s Sichuan Province. (Xinhua/Wang Xi)
Photo 2 : Local government officers learn about the damage caused by the earthquake to a teaching building in Taiping Town of Lushan County, southwest China’s Sichuan Province, June 2, 2022. (Xinhua/Liu Kun)
Photo 3 : Chefs prepare lunch at a temporary shelter in Taiping Town of Lushan County, southwest China’s Sichuan Province, June 2, 2022. (Xinhua/Shen Bohan)
Photo 4 : Two children are seen in a tent at a temporary shelter in Dahe Village of Lushan County, southwest China’s Sichuan Province, June 2, 2022. (Xinhua/Shen Bohan)
Photo 5 : Students line up to get lunch at a temporary shelter in a school of Taiping Town in Lushan County, southwest China’s Sichuan Province, June 2, 2022. (Xinhua/Shen Bohan)
Photo 6 : Staff members distribute food to students at a temporary shelter in a school of Taiping Town in Lushan County, southwest China’s Sichuan Province, June 2, 2022. (Xinhua/Wang Xi)
Photo 7 : Volunteers carry bottles of drinking water at a temporary shelter in Baoxing County, southwest China’s Sichuan Province, June 2, 2022. (Xinhua/Xu Bingjie)
Photo 8 : Two girls exercise at a temporary shelter in Dahe Village of Lushan County, southwest China’s Sichuan Province, June 2, 2022. (Xinhua/Shen Bohan)
Photo 9 : Aerial photo taken on June 2, 2022 shows a view of Baoxing County after an earthquake, southwest China’s Sichuan Province. (Xinhua/Xu Bingjie)
Photo 10 : Medical workers prepare medical materials at a temporary shelter in Taiping Town of Lushan County, southwest China’s Sichuan Province, June 2, 2022. (Xinhua/Wang Xi)