Connect with us

Economy

BRICS စီးပွားရေးဖိုရမ်က တရုတ်နိုင်ငံ၏ တိုးတက်မှုမျှော်လင့်ချက်များအပေါ် ယုံကြည်ကြောင်းကို ဖော်ပြနေ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ Lujiazui ဧရိယာ၌ မီးအလှဆင်ထွန်းထားသည်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

ကျင်းပပြုလုပ်မည့် BRICS စီးပွားရေးဖိုရမ်က တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မျှော်လင့်ချက်များတွင် နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်း၏ ခိုင်မာသောယုံကြည်ချက်အား ဖော်ပြနေပြီး နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ဆန္ဒရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

BRICS နိုင်ငံများအပြင် ဖိုရမ်တွင် ကာဇက်စတန်နိုင်ငံ ၊ အာဂျင်တီးနားနိုင်ငံ ၊ ထိုင်းနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံ ၁၃ နိုင်ငံမှ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ရန် ဆွဲဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ၏ ဒုတိယဥက္ကဋ္ဌ Zhang Shaogang က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပါဝင်ကြသည့်စီးပွားရေးလုပ်ငန်းအများစုမှာ စွမ်းအင် ၊ ဘဏ္ဍာရေး ၊ ကုန်ထုတ်လုပ်မှုကဲ့သို့သော အစဉ်အလာစက်မှုလုပ်ငန်းများ အပြင် အင်တာနက် ၊ big data ၊ e-commerce နှင့် စွမ်းအင်သစ်ကဲ့သို့သော ထွန်းသစ်စစက်မှုလုပ်ငန်းများအား လွှမ်းခြုံထားသည့် လုပ်ငန်းပေါင်း ၅၀၀ အခွင့်အလမ်း ၄၀ အပါအဝင် ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းများ နှင့် BRICS နိုင်ငံများ၏ အမာခံကျောရိုးစီးပွားရေးလုပ်ငန်းများ ဖြစ်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ ၂၃ ရာခိုင်နှုန်း ၊ ကုန်စည်ကုန်သွယ်မှု၏ ၁၈ ရာခိုင်နှုန်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၅ ရာခိုင်နှုန်းရှိသော ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံများ ပါဝင်သည့် BRICS နိုင်ငံများကို ကမ္ဘာ့စီးပွားရေးတွင် လျစ်လျူရှုထား၍ မရနိုင်သည့် အရေးပါသောအင်အားစုတစ်ရပ် ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ Zhang က ပြောကြားခဲ့သည်။

ယင်းဖိုရမ်သည် BRICS စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွခြင်း နှင့် စွဲဆောင်မှုရှိခြင်းကို အပြည့်အဝ ဖော်ညွှန်းပေးကာ ၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၏ စပ်ဆက်အစည်းအဝေးများကို အွန်လိုင်း ၊ အော့လိုင်း ပုံစံနှစ်မျိုးစလုံးဖြင့် ပေကျင်းမြို့တွင် ဇွန် ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT)ထံမှ သိရသည်။ (Xinhua)

————————–

(English Version)

BRICS Business Forum highlights confidence in China’s growth prospects
Source: Xinhua Editor: huaxia 2022-06-18 18:24:15
BEIJING, June 18 (Xinhua) — The upcoming BRICS Business Forum highlights the international business community’s firm confidence in the prospects of China’s economic growth and desire to further strengthen cooperation with the country, an official said Friday.
In addition to the BRICS countries, the forum has attracted active participation from 13 countries including Kazakhstan, Argentina, Thailand and Indonesia, Zhang Shaogang, vice chairman of the China Council for the Promotion of International Trade (CCPIT), told a press conference.
Most of the participating firms are world-renowned enterprises and pillar enterprises of BRICS countries, including 40 Fortune 500 enterprises, covering traditional industries such as energy, finance and manufacturing, as well as emerging industries such as the internet, big data, e-commerce and new energy, said Zhang.
Accounting for 23 percent of the global economy, 18 percent of trade in goods and 25 percent of foreign investment, BRICS countries — Brazil, Russia, India, China, and South Africa — form an important force that cannot be ignored in the world economy, Zhang said.
The forum, which fully demonstrates the vitality and attractiveness of BRICS economic and trade cooperation, will be held on June 22 in Beijing both online and offline, on the sidelines of the 14th BRICS Summit, according to the CCPIT. ■
Photo – Photo taken on Nov. 4, 2020 shows a light show at the Lujiazui area in Shanghai, east China. (Xinhua/Zhang Haofu)