Connect with us

Culture & Entertainment

၂၀၂၂ခုနှစ် မေ၂၀ ရက်မှ ဇွန် ၂၀ ရက်အတွင်း Tourist Visa ဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် ၇၀၀ ဝန်းကျင်ရှိ

ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး သွားလာနေကြသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဇွန် ၂၂ ရက် (ဆင်ဟွာ)

၂၀၂၂ခုနှစ် မေ၂၀ ရက်မှ ဇွန်လ၂၀ ရက်အတွင်းTourist Visa ဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် ၇၀၀ ဝန်းကျင်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက ဆင်ဟွာသို့ ယနေ့ ဇွန် ၂၃ ရက်တွင် ပြောသည်။ဦးလှိုင်ဦးက “နိုင်ငံပေါင်း ၂၄ နိုင်ငံက ခရီးသွားတွေ လာရောက်လည်ပတ်ကြတာပါ။၂၀၂၂ ခုနှစ် မေ ၂၀ ရက်ကစပြီး Tourist Visa နဲ့ ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ ခွင့်ပြုပေးခဲ့တာပါ။ မေ ၂၀ ရက်နောက်ပိုင်း စတင်ပြီး နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဝင်ရောက်လာခဲ့တာပါ’’ ဟု ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ခရီးသွားလုပ်ငန်းများ ဖြစ်စေ ရန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများ (Commercial Flight) ကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှ စ၍ ပြန်လည်ဆင်းသက်ခွင့်ပြုခဲ့ပြီး နိုင်ငံခြားသားခရီးသွား (Tourist) များအတွက် e-Visa လျှောက်ထားခြင်းအား မေ ၂၀ ရက်က တိုးမြှင့်ခွင့်ပြုခဲ့ကြောင်း နှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ အတွက် Online e-Visa (Business) လျှောက်ထားမှု ကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ စ၍ ပြန်လည်စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)