Connect with us

Culture & Entertainment

မြန်မာနိုင်ငံကို နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုအနေဖြင့် လ အလိုက်ရာသီပွဲများ၊ ရိုးရာဓလေ့ပွဲများ ပြုလုပ်သွားမည်

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်၌ (ဧပြီ ၁၀ရက်) နံနက်ပိုင်းတွင် ရဟန်းခံရှင်ပြုအလှူမင်္ဂလာပွဲအတွက် ရှင်လောင်းများလှည့်လည်လာသည့်မြင်ကွင်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လအလိုက်ရာသီပွဲတော်များ၊ရိုးရာဓလေ့ပွဲ နှင့် ပြပွဲပြိုင်ပွဲများ ကျင်းပသွားမည်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။“တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လအလိုက်ရာသီပွဲတွေ ဥပမာ-ထမဲနဲထိုးပွဲရာသီဆို ထမဲနဲထိုးပြိုင်ပွဲတွေလုပ်မယ်၊ ရိုးရာဓလေ့ပြပွဲတွေ လုပ်မယ်၊ အဲလို ပြပွဲပြိုင်ပွဲတွေ ကို ခရီးသွားတွေ လာရောက်ကြည့်ရှုလည်ပတ်နိုင်အောင် စီစဉ်ပေးမယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုအနေဖြင့် ရာသီပွဲတော်များနှင့် ပြပွဲပြိုင်ပွဲများ အခမ်းအနား အစီအစဉ် များကို နှစ်ပတ်လည်ရေးဆွဲပြီး ကျင်းပမည်ဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီး၏ ဒေသအစားစာပွဲတော်များ၊ဈေးရောင်းပွဲတော်များ၊ ပျောက်ကွယ်လုနီးပါးဖြစ်သည့် ရိုးရာဓလေ့များအား ဖော်ထုတ်ပြသမှုများကို ဒေသအလိုက်နှစ်အလိုက်အစီအစဉ်များရေးဆွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဒီလမှာ မွန်ပြည်နယ်မှာတော့ သူ့တို့ရိုးရာဓလေ့တွေလေ့လာနိုင်မယ်၊ သူတို့ ဒေသစာရောင်းပွဲရှိတယ်၊ နောက်လဆို ကရင်ပြည်နယ်မှာ ဘာပွဲတွေရှိတယ် စတဲ့ planတွေကြိုရှိပြီဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆွဲဆောင်နိုင်တယ်” ၎င်းကဆိုသည်။

င်ငံတကာမှခရီးသွားများ ပိုမိုလာရောက်စေရန် ချင်းပြည်နယ် တီးတိန်မြို့နယ် ပိန်းပိကျေးရွာနှင့် မင်းတပ်မြို့နယ် ဘောင်ကျေးရွာနှစ်ရွာတို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်နိုင်ရန် ပြင်ဆင်ခြင်း၊ညောင်ဦးခရိုင်အတွင်းရှိ မြောက်ကျောက်အိုးနှင့် ဂဲမိုးအိုင် နေရာနှစ်ခုအား သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။(Xinhua)