Connect with us

North America

ရော့ခ်ဂီတ ဂန္တဝင်အဆိုတော် Chuck Berry အသက် ၉ဝ နှစ်အရွယ်တွင် ကွယ်လွန်

ရော့ခ် ဂီတ ဖခင်ကြီးအဖြစ် လူသိများသည့် အဆိုတော် Chuck Berry အားတွေ့ ရစဉ် ( ဓာတ်ပုံ-အင်တာနက်)

ချီကာဂို ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ရောခ့်အန်ရိုး ဖခင်ကြီး ( Father of Rock’n Roll’ ) ဟု လူသိများသော အသက် ၉ဝ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသား ဂန္တဝင်အဆိုတော် ချော့ခ်ဘာရီ (Chuck Berry) သည် မစ်ဆိုရီပြည်နယ် စိန့်လူးဝစ်ရှိ ၎င်း၏ နေအိမ်၌ မတ်လ ၁၈ ရက်တွင် ကွယ်လွန်နေသည်ကို တွေ့ရှိရကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဆိုသည်။

“ St.Charles ရဲတပ်ဖွဲ့က အဆိုတော် Charles Edward Anderson Berry Sr သေဆုံးနေတာကို ဝမ်းနည်းစွာတွေ့ရှိခဲ့ပါတယ်။ သူ့ကို ဂန္တဝင်အဆိုတော် ချော့ခ်ဘာရီအဖြစ်လည်း လူသိများပါတယ် ” ဟု St. Charles Country ၏ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ဘာရီ၏ နေအိမ်သို့ တပ်ဖွဲ့ဝင်များက မတ်လ ၁၈ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း နှင့် ယင်းအချိန်တွင် ဘာရီမှ လှုပ်ရှားမှုမရှိတော့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဘာရီသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၆ မိနစ်ကတည်းက ကွယ်လွန်နေပြီဖြစ်ကြောင်း စစ်ဆေးချက်များအရ သိရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဘာရီသည် ၁၉၅ဝ ပြည့်လွန်နှစ်များက ပထမဆုံး ပေါ်ထွက်ခဲ့သော တေးသီချင်းရေးသူ နှင့် ဂီတာ သမားတစ်ဦးဖြစ်သည်။ ထို့ပြင် ၎င်းသည် စာရေးဆရာ နှင့် Johnny B. Goode ၊ Sweet Little Sixteen နှင့် Roll Over Beethoven ကဲ့သို့သော် ဂန္တဝင်မြောက် ရော့ခ်အန်ရိုးသီချင်းများကို သီဆိုခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.