Connect with us

North America

ဟာဝိုင်ယီ ပြည်နယ် တရားသူကြီး မှ ဒေါ်နယ်ထရမ့် ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ သစ် ကို ကန့်ကွက်ကြောင်း ထုတ်ပြန်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလိစ် ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ဟာဝိုင်ယီ ပြည်နယ် တရားသူကြီး Derrick Watson က မတ်လ ၁၅ ရက်နေ့၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေသစ် ကို အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာ တွင် ပိတ်ပင်ပေးရန် ဆုံးဖြတ်ချက် အမိန့်ချ မှတ်ပြီး ထိုဆုံးဖြတ်ချက် ချမှတ် ချိန်သည် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ သစ် ပြဌာန်း ရန် အချိန်နာရီပိုင်း အလိုတွင် ဖြစ်ကြောင်း သိရှိရသည်။

တရားသူကြီး Watson ၏ စာမျာက်နှာ ၄၃ မျက်နှာပါဝင် သည့် အမိန့်ကြေညာချက် တွင် ဒေါ်နယ်ထရမ့် ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ သစ် သည် အမေရိကန် အခြေခံ ဥပဒေ ၏ ဘာသာရေး ဆိုင်ရာ ဥပဒေ အချက်အလက်များကို ချိုးဖောက်ရာရောက်ကြောင်း နှင့် ဘာသာရေး ခွဲခြားဆက်ဆံမှု ဆိုင်ရာ အဓိပ္ပါယ် သက်ရောက်ကြောင်း ထောက်ပြခဲ့သည်။

Watson က ဒေါ်နယ်ထရမ့် ၏ ဥပဒေ သစ်သည် ဟာဝိုင်ယီ ခရီးသွား လုပ်ငန်း အပေါ် များစွာ သက်ရောက်မှု ရှိစေပြီး ဤဒေသ ၏ စီးပွားရေး လုပ်ငန်းကို များစွာ ထိခိုက်စေကြောင်း နှင့် နိုင်ငံတကာ မှ ပညာတော်သင် ကျောင်းသား များလက်ခံရန် အတွက် အခက်အခဲ ဖြစ်စေပြီး ကျောင်းဝင်ငွေ ကို များစွာ ထိခိုက်စေကြောင်း ပြောကြား ခဲ့သည်။

ဤသည်မှာလည်း ဒေါ်နယ်ထရမ့် စတင် တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း ဆောင်ရွက်သည့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ နှင့် ပတ်သက်၍ ထပ်မံ ကြီးမားသော တိုက်ခိုက်မှု ခံခဲ့ရခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် သည် ယခု နှစ် ဇန်နဝါရီ လပိုင်း တွင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ တစ်ရပ် ထုတ်ပြန် ခဲ့သော်လည်း အကောင်အထည် မဖော် နိုင်ခဲ့သဖြင့် မတ်လ ၆ ရက်နေ့တွင် ယခင် သတ်မှတ်ထားသည့် စာရင်း မှ အီရတ် နိုင်ငံ ကို ဖယ်ရှားကာ အမေရိကန် နိုင်ငံ မှ ရက်ပေါင်း ၁၂၀ အတွင်း ဒုက္ခသည် များ လက်မခံ သည့် အချက် နှင့် ရက်ပေါင်း ၉၀ အတွင်း ဆူဒန် ၊ ဆီးရီးယား ၊ ယီမင် ၊ အီရန် ၊ ဆိုမာလီယာ နှင့် လစ်ဗျား နိုင်ငံသား တို့မှ အမေရိကန် နိုင်ငံ သို့ ဝင်ရောက်ခြင်းကို တားမြစ်သည့် အချက် ကို ထားရှိကာ ပြန်လည် ထုတ်ပြန် ခဲ့သည်။

မတ်လ ၈ ရက်နေ့ တွင် ဟာဝိုင်ယီ ပြည်နယ် သည် ဒေါ်နယ်ထရမ့် ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ နှင့် ပတ်သက်၍ တရားရုံး သို့ တရားစီရင်ရန် လျှောက်တင်ခဲ့ပြီး အမေရိကန် နိုင်ငံ ၏ ဒေါ်နယ်ထရမ့် ထုတ်ပြန် သည့် ဥပဒေ နှင့် ပတ်သက်၍ ပထမ ဦးဆုံး တရားစီရင်ပေးရန် လျှောက်တင်သည့် ပြည်နယ်ဖြစ်ခဲ့သည်။ မတ်လ ၁၅ ရက်နေ့အချိန်၌ အမေရိကန် နိုင်ငံ တွင် ပြည်နယ် အများအပြားသည် ဒေါ်နယ်ထရမ့် ၏ ဥပဒေ သစ် နှင့် ပတ်သက်၍ တရားစီရင်ရန် လျှောက်တင်ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.