Connect with us

North America

“Beauty and the Beast” ဇာတ်ကား ပွဲဦးထွက် လက်မှတ်ရောင်းရငွေ ကန် ဒေါ်လာ သန်း ၃၅၀ ဖြင့် စံချိန်တင်ခဲ့

“Beauty and the Beast” ရုပ်ရှင်ဇာတ်ကား ကြော်ငြာပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလစ်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ဒစ္စနေး၏ ဇာတ်လမ်း “Beauty and the Beast” အား ပြန်လည် ရိုက်ကူးထားသည့် ရုပ်ရှင်ကို စတင် ရုံတင် ပြသခဲ့ရာ မြောက်အမေရိကတွင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၇၀ သန်း ဝင်ငွေ ရရှိခဲ့ပြီး ပြည်ပတွင် အမေရိကန် ဒေါ်လာ သန်း ၁၈၀ ဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ ရုပ်ရှင်ရုံများအားလုံးလိုလိုတွင် “Beauty and the Beast” ရုပ်ရှင်က နံပါတ် ၁ နေရာတွင် ရှိနေပြီး လက်မှတ် ရောင်းရငွေမှာ ယူကေတွင် အမေရိကန် ဒေါ်လာ ၂၂.၈ သန်း၊ တရုတ်နိုင်ငံတွင် ၄၄.၈ သန်း အသီးသီးရှိခဲ့သည်။

အဆိုပါ ရုပ်ရှင်အား အော်စကာဆုရှင် Bill Condon က ၁၉၉၁ ခုနှစ်က အင်နီမေးရှင်း (Animation) ရုပ်ရှင်အား အခြေခံပြီး အမေရိကန် ဒေါ်လာ သန်း ၁၆၀ ကုန်ကျခံကာ ရိုက်ကူးထားခြင်း ဖြစ်သည်။

အဆိုပါ ဇာတ်ကားတွင် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ဒဏ္ဍာရီပုံပြင်ထဲမှ ဇာတ်ကောင်များအား ခေတ်သစ် ပရိသတ်အတွက် ပြန်လည် ပုံဖော် ရိုက်ကူးပြသထားသည်။ “Beauty and the Beast” ဇာတ်ကားသည် လူတစ်ပိုင်း တိရစ္ဆာန် တစ်ပိုင်း သတ္တဝါကြီး၏ အကျဉ်းသားအဖြစ် ၎င်း၏ ရဲတိုက်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံရသော ငယ်ရွယ် လှပပြီး ထက်မြက်သော မိန်းမပျိုလေး ဘဲလ် (Belle) မင်းသမီးလေး၏ ပျော်ရွှင်ဖွယ်ကောင်းသော ခရီး တစ်ခုအကြာင်းကို ရိုက်ကူးထားသည်။ ထို လူသတ္တဝါကြီးအား ကြောက်ရွံ့မှုရှိသော်ငြားလည်း ဘဲလ်က သူငယ်ချင်းအဖြစ် ရင်းနှီးခင်မင်အောင် ပေါင်းသင်းခဲ့သလို ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ရည်သွင်ပြင်၏ နောက်ကွယ်မှ ကြင်နာတတ်သော နှလုံးသားနှင့် မင်းသားစစ် တစ်ဦးအဖြစ် သိရှိသွားသည့်အကြောင်းအား စိတ်ဝင်စားဖွယ် ရိုက်ကူးထားခြင်း ဖြစ်သည်။

ထို့ပြင် WB နှင့် Legendary တို့၏ “Kong:Skull Island” ဇာတ်ကားက ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၉.၉ သန်းခန့်ဖြင့် ဒုတိယနေရာ၊ Fox ရုပ်ရှင်ထုတ်လုပ်ရေး၏ “Logan” ဇာတ်ကားက အနည်းဆုံး ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၇.၅ သန်းဖြင့် တတိယနေရာ၊ Universal ၏ “Get out” ဇာတ်ကားက အနည်းဆုံး ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၃.၂ သန်းဖြင့် စတုတ္ထနေရာနှင့် Lionsgate ၏ “The Shack” ဇာတ်ကားက အနည်းဆုံး ဝင်ငွေ အမေရိကန် ဒေါ်လာ ၆.၁ သန်းဖြင့် ပဉ္စမနေရာ စသည်ဖြင့် အသီးသီးရပ်တည်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.