Connect with us

Social, Education & Health

ကွန်ဖြူးရှပ် ကာတွန်း သရုပ်ဖော် ပြသမှုအတွက် ကနေဒါနိုင်ငံသား ဆုရ

ကွန်ဖြူးရှပ် ကာတွန်း သရုပ်ဖော် ပြသမှုကို လာရောက် ကြည့်ရှုနေသာ ဧည့်သည်များ (ဆင်ဟွာ)

ကွေ့ရန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ရန် မြို့တွင် ပြုလုပ်သော နိုင်ငံတကာတွန်း ပြိုင်ပွဲတွင် ကနေဒါ လူမျိုး ကာတွန်းပညာရှင် Oleg Dergachov မှ ကွန်ဖြူးရှပ် ကာတွန်းသရုပ်ဖော် ပြသမှုအတွက် ပထမဆု ရရှိခဲ့သည်။

Oleg Dergachov ၏ ကာတွန်းတွင် ကွန်ဖြူးရှပ်၏ သင်ကြားမှုများကို ကျောင်းသားလေးဦးက ကွန်ပြူတာ အသုံးပြု၍ သင်ကြားနေခြင်း ဖြစ်သည်။

Dergachov က “ ကျွန်တော်အတွက်တော့ အတိတ်နှင့် အနာဂတ်ကြား ဆက်သွယ်မှုကို ပြသနိုင်ဖို့က အလွန် အရေးပါတယ်၊ ဒီကလေးတွေဟာ သူ (ကွန်ဖြူးရှပ်) ရဲ့ သီအိုရီနှင့် အတွေးအခေါ်တွေကို လေ့လာဖို့ မော်ဒန် နည်းပညာတွေကို အသုံးပြု နေကြတာပါ” ဟု ပြောသည်။

တရုတ် တွေးခေါ်ပညာရှင်ကြီး၏ သရုပ် သဏ္ဍာန်အား ဖော်ညွှန်း ပြသနိုင်မည့် အကောင်းဆုံး ကာတွန်း လက်ရာများကို ရှာဖွေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်များကို မနှစ်က နှစ်ကုန်ပိုင်းတွင် စတင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်မှ ကာတွန်း လက်ရာပေါင်း ၁,၁၂၀ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းတို့ထဲတွင် တစ်ကွက်စာ ကာတွန်းနှင့် ကာတွန်း ရုပ်ပြ ဇာတ်လမ်းတို များလည်း ပါဝင်သည်။ (Xinhua)