Breaking News
တပ်မတော်လေယာဉ်တစ်စီး ပျံသန်းစဉ် ထားဝယ်မြို့အနီး၌ ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံး
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း ယနေ့ ဇွန်လ ၇ရက်က သက်သာချောင်ချိရေးပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သော တပ်မတော်လေယာဉ် တစ်စီးသည် ပျံသန်းနေစဉ်တွင်း ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ လေယာဉ်သည် မြိတ်သို့ နေ့လယ် ၁၁ နာရီ ၅၅ မိနစ်တွင်ရောက်ရှိခဲ့ပြီး မြိတ်မှ ရန်ကုန်သို့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပြန်လည်ထွက်ခွာပျံသန်းလာစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ချိန် ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ဆက်သွယ်မှု ပြတ်တောက်သွားသဖြင့် တပ်မတော်လေယာဉ်/ရေယာဉ်များဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။(Xinhua)