Connect with us

Breaking News

ဖိလစ်ပိုင်တွင် အင်အား ၇.၂ ရစ်ချ်တာစကေးရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွား

မနီလာ၊ ဇန်နဝါရီ ၁၀ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆူလူပြည်နယ်ကမ်းခြေ ပင်လယ်ပြင်၌ ဇန်နဝါရီ ၁၀ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂း၁၃နာရီတွင် ရစ်ချ်တာစကေး ၇.၂ ရှိသည့် အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် မီးတောင်ဆိုင်ရာ အဖွဲ့အစည်း က ပြောကြားခဲ့သည်။

ယခုအချိန်အထိ ငလျင်ကြောင့် သေဆုံးသူ နှင့် အပျက်အစီးမသိရှိသေးကြောင်း သိရသည်။ကနဦးတိုင်းထွာချက်များအရ ငလျင်သည် ဆူလူပြည်နယ် Tongkil ဒေသ အနောက်တောင်ဘက် ၃၃ကီလိုမီတာခန့်၊ မြောက်လတ္တီကျု ၄.၄၃ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၂၂.၆၉ဒီဂရီ ၌ မြေပြင်အနက် ၆၂၅ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း အဖွဲ့အစည်း ကပြောကြားခဲ့သည်။ (Xinhua)