Breaking News
ချီလီနိုင်ငံတွင် အင်အား ၇.၅ ရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်

ပေကျင်း၊ ဒီဇင်ဘာ ၂၅ရက် (ဆင်ဟွာ)
ချီလီနိုင်ငံတွင် ဒီဇင်ဘာ ၂၅ ရက် ပေကျင်းစံတော်ချိန် ည ၁၀း၂၂နာရီ က ရစ်ချ်တာစကေး ၇.၅ ပမာဏရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ (CENC) ကပြောကြားခဲ့သည်။
အဆိုပါငလျင်သည် တောင်လတ္တီကျု ၄၃.၃၁၂ဒီဂရီ၊ အနောက် လောင်ဂျီကျု ၇၄.၅၃၇ ဒီဂရီ ကိုဗဟိုပြု၍ မြေပြင်အနက် ၁၄.၉ ကီလိုမီတာ ၌လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)