Connect with us

Africa & Middle East

IAEA တောင်းခံထားသောနေရာနှစ်ခုသို့ ဝင်ရောက်ရန် အီရန်နိုင်ငံ သဘောတူ

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ညွှန်ကြားရေးမှူးချုပ် Rafael Grossiအားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ဩဂုတ်၂၇ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့အစည်း (AEOI) က နိုင်ငံအတွင်းရှိ နေရာနှစ်နေရာသို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စစ်ဆေးသူများအား ဝင်ရောက်ခွင့်ပြုရန် သဘောတူခဲ့ကြောင်း အီရန်နှင့် IAEA တို့အကြားပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

IAEA ၏ညွှန်ကြားရေးမှူးချုပ် Rafael Grossi သည် မကြာသေးမီက အီရန်နိုင်ငံမြို့တော် တီဟီရန်သို့ လာရောက်ခဲ့စဉ် အတွင်းအဆိုပါ သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။“အီရန်အနေနဲ့ IAEA က တောင်းဆိုထားတဲ့ နေရာနှစ်ခုကို ဝင်ရောက်ခွင့်ပြုဖို့ သူ့ဆန္ဒအလျောက်ပံ့ပိုးပေးခဲ့တာဖြစ်ပြီး ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး အဖြေရှာမယ့်လုပ်ငန်းစဉ်တွေအတွက် လွယ်ကူချောမွေ့စေမှာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်ကို ကိုးကား၍တရားဝင် IRNA သတင်းအေဂျင်စီကဖော်ပြထားသည်။

“IAEA အနေနဲ့တော့ အီရန်ကို နောက်ထပ်အငြင်းပွားစရာ တစ်စုံတစ်ရာမရှိတော့ပါဘူး။ ဒါပေမဲ့ အီရန်က ကြေညာထားတဲ့ အခြားနေရာတွေကို ဝင်ဖို့လည်းနောက်ထပ်တောင်းဆိုစရာမရှိပါဘူး”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။AEOI ၏ အဆိုအရ စစ်ဆေးမှုများကို အစ္စဖာဟန်ပြည်နယ် အလယ်ပိုင်းရှာရီဇာမြို့အနီးနှင့် တီဟီရန်မြို့တော်အနီးရှိ နေရာနှစ်ခု၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ကုလသမဂ္ဂနျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့ကလည်း ၎င်းနေရာနှစ်နေရာတွင် “ဖြစ်နိုင်ဖွယ်ရှိသော”နျူးကလီးယားလုပ်ဆောင်မှုများအတွက် စစ်ဆေးမှုများဆောင်ရွက်ရန်တောင်းဆိုထားကြောင်း သိရသည်။  (Xinhua)