Connect with us

Local

MSMEs နိုင်ငံတော်အဆင့် ထုတ်ကုန် ပြပွဲ ပြိုင်ပွဲ ကျင်းပ

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြစဉ်။(ဆင်ဟွာ)

နေုပြည်တော်၊ မတ်လ ၂၂ ရက်(ဆင်ဟွာ)

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs:_ Micro, Small and Medium Enterprises) ၏ နိုင်ငံတော်အဆင့် ထုတ်ကုန် ပြပွဲ ပြိုင်ပွဲများကို နေပြည်တော် MICC II တွင် မတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ရာ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ကျင်းပ ခဲ့ပြီး နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဒုတိယ သမ္မတက “နိုင်ငံ့ စီးပွား ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ကျော်လှွှားနိုင်ရန်နဲ့ ရေရှည် အကျိုး ဖြစ်ထွန်းမှုကို ဟန်ချက်ညီဖြစ်ပေါ်လာရေးမှာ MSME များက အဓိက မောင်းနှင်အားများဖြစ်ပါတယ်၊ နိုင်ငံ့ စီးပွားရေး လုပ်ငန်းများရဲ့ ၉၉ ရာခိုင်နှုန်းဟာ MSME များဖြစ်လို့ MSME များ ဖွံ့ဖြိုးမှသာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့ MSME များအား လိုအပ်တဲ့ နည်းပညာများ ပံ့ပိုးရေး၊ အရင်း အနှီးများ ရရှိစေရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေး တို့ကို ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု အဖွင့် မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားခဲ့သည်။

ကရင် ဒုံးယိမ်းအက ဖြင့် ဖြေဖျော်ကြစဉ်။(ဆင်ဟွာ)

ဒုတိယသမ္မတ နှင့် အဖွဲ့ ကြွရောက်လာစဉ်။(ဆင်ဟွာ)

ဒုတိယ သမ္မတ ဦးမြင့်ဆွေ အဖွင့် မိန့်ခွန်း ပြောကြားစဉ်။(ဆင်ဟွာ)

MSMEs နိုင်ငံတော်အဆင့် ထုတ်ကုန် ပြပွဲ ပြိုင်ပွဲ အခမ်းအနား ကျင်းပနေစဉ်။(ဆင်ဟွာ)

ပြည်တွင်း ပြည်ပ စီးပွားရေး အဖွဲ့အစည်းများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်နေစဉ်။(ဆင်ဟွာ)

ပြည်တွင်း ပြည်ပ စီးပွားရေး အဖွဲ့အစည်းများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်နေစဉ်။(ဆင်ဟွာ)

ပြည်တွင်း ပြည်ပ စီးပွားရေး အဖွဲ့အစည်းများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်နေစဉ်။(ဆင်ဟွာ)

ဒုတိယ သမ္မတနှင့် အဖွဲ့ ပြခန်းများ လှည့်လည် ကြည့်ရှုကြစဉ်။(ဆင်ဟွာ)

ထို့နောက် မြန်မာနိုင်ငံ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုး ကူညီ ပေးကြသော စီးပွားရေး လုပ်ငန်းဆိုင်ရာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများအား ဂုဏ်ပြုလွှာများ ချီးမြှင့်ခြင်း၊ လှူဒါန်းငွေများအား လက်ခံ ရယူခြင်းတို့ကို စက်မှုဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီး များက ဆောင်ရွက်ခဲ့ကြပြီး ဒုတိယ သမ္မတနှင့် အဖွဲ့သည် ပြခန်းများကို ဆက်လက်ကြည့်ရှုခဲ့ကြ သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် MSME ထုတ်ကုန် ပြပွဲ ပြိုင်ပွဲများကို ၂၀၁၈ ဖေဖော်ဝါရီလ ကတည်းက ကျင်းပခဲ့ရာ မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင် နှင့် မြတ်မြို့များတွင် အစဉ်လိုက် ကျင်းပခဲ့ပြီး အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ယခု အမျိုးသား အဆင့် ပြိုင်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုင်းဒေသကြီး ပြည်နယ်အဆင့် မြို့ ကိုးမြို့တို့တွင် ပြုလုပ်ခဲ့သည့် ပြပွဲ ပြိုင်ပွဲ ကိုးပွဲ၌ အသေးစား လုပ်ငန်းများအတွက် ဆု ၃၉ ဆု၊ အငယ်စား လုပ်ငန်းများအတွက် ၄၃ ဆု၊ အလတ်စား လုပ်ငန်းများအတွက် ဆု ၄၀၊ – စုစုပေါင်း ၁၂၂ ဆု ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.