Connect with us

Local

ရန်ကုန်စတော့အိပ်ချိန်း (YSX) ၃ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား နှင့် YSX Award 2019 ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်စတော့အိပ်ချိန်း (YSX) ၃ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား နှင့် YSX Award 2019 ချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်စတော့အိတ်ချိန်းတွင် ယနေ့ ကျင်းပခဲ့သည်။

အခမ်းအနားတွင်င်္စမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက “ရန်ကုန်စတော့အိပ်ချိန်းမှာစတော့ဈေးကွက် ကို ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက် နေ့ အရောင်းအဝယ်စလုပ် ခဲ့တာ ဒီနေ့ဆိုရင် ၃ နှစ်တိတိပြည့်ခဲ့ပါပြီ။ ဒီနေ့ အထိ စာရင်းဝင်ကုမ္ပဏီပေါင်း ၅ ခုနဲ့ ရင်းနှီးမြှုုပ်နှံသူပေါင်း ၃၈,၀၀၀ ရှိပါတယ်။နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအရင်းအနှီးဈေးကွက်ထဲ ကို ဝင်ရောက်လာဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေပါတယ်’’ ဟုပြောသည်။

ရန်ကုန်စတော့အိပ်ချိန်း (YSX) ၃ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ မန်နေဂျင်းဒါရိုက်တာ ဦးယဉ်ဇော်မျိုးက “စတော့အိပ်ချိန်းဖွံ့ဖြိုးတိုးတက် ဖို့အတွက်အများပြည်သူစိတ်ဝင်စားအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်’’ ဟုပြောသည်။

အဆိုပါအခမ်းအနားတွင် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့ကြသော စာရင်းဝင်ကုမ္ပဏီများ နှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများအား ၂၀၁၉ ခုနှစ် အတွက် ရန်ကုန်စတော့ အိပ်ချိန်းဝင် ကုမ္ပဏီ ဆု နှင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီဆုများကို စတင်ရွေးချယ်ချီးမြှင့်ပေးအပ် ခဲ့သည်။

ထိုသို့ဆုခြင်းမြှင့်ခြင်းသည် ငွေကြေးအရင်းအနှီးဈေးကွက်အား အများပြည်သူ သိရှိနားလည်စေရန် ပိုမိုတိုးတက် ကောင်းမွန်သောဈေးကွက်တစ်ခုဖြစ်လာစေရန် နှင့် စာရင်းဝင်ကုမ္ပဏီများ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ ၏ ဂုဏ်သတင်းများ တိုးတက်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး နှစ်စဉ်ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် နောင်နှစ်များတွင်လည်း ယခုကဲ့သို့ ဂုဏ်ပြုဆုများအပြင် အခြားထူးကဲသော ဈေးကွက်စွမ်းဆောင်ရည်ဆုများကိုလည်း ချီးမြှင့်ပေးအပ်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117