Connect with us

Media

ပေကျင်းမြို့က ရွန်းဂါလာမာဘုရားကျောင်းတွင် နိုင်ငံခြားသားများ လာရောက် ဆုတောင်းဝတ်ပြု

ပေကျင်း ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်ဘာသာစကားအရ ငြိမ်းချမ်းခြင်းနှင့်ညီညွတ်ခြင်းဟုအဓိပ္ပါယ်ဆောင်သည့် ရွန်းဂါလာမာ ဘုရားကျောင်းသည် ပေကျင်း မြို့တွင်တည်ရှိသည့် တိဘက်သင်္ကေတ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဖြစ်သည်။

ဘုရားကျောင်း၏ ဗိသုကာလက်ရာ နှင့် ပုံစံသည် ဟန်၊ မန်ချူး၊ မွန်ဂိုလီးယား၊ တိဘက်ဒေသ စသည့် တိုင်းရင်း သားများ၏ အနုပညာလက်ရာ အမျိုးမျိုး လွှမ်းခြုံထားသောကြောင့် တမူထူးခြားသည်။

လူများသည် နှစ်သစ်တွင် ကံကောင်းရန် နှင့် ကောင်းချီးမင်္ဂလာများ ရရန်အတွက် ဘုရားကျောင်းသို့ လာရောက်ကာ အမွှေးတိုင် ထွန်းညှိပြီး ဆုတောင်းကြသည်။

ဘုရားကျောင်းသို့ လာရောက်ကြသူများထဲတွင် တရုတ် လူမျိုးများအပြင် နိုင်ငံခြားသား အများအပြား လည်းပါဝင်သည်။

တစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် ရိုးရာဆုတောင်းပွဲသို့ ဂျပန် အမျိုးသားတစ်ဦးလည်း လာရောက်ခဲ့သည်။

“ကျနော် ဒီမှာနေတာ ၆ နှစ်ရှိပြီ၊ ချောင်ယန် ရပ်ကွက် မှာနေတာပါ။ ဒီနဲ့ဆိုသိပ်မဝေးဘူး “

သူသည် တရုတ်ပြည်၏ မတူညီသည့် တိုင်းရင်းသားလူမျိုးစု အမျိုးမျိုးကို စိတ်ဝင်စားကြောင်းသိရသည်။

“တရုတ်ယဥ်ကျေးမှုကို ကျွန်တော်တို့သိတယ် ၊ မွန်ဂိုးလီးယား ယဥ်ကျေးမှုကို မသိဘူး ၊
Mantra ယဥ်ကျေးမှုကို မသိဘူး ၊ ဒီနေရာမှာ ယဥ်ကျေးမှုအားလုံးကို လေ့လာသိရှိနိုင်တယ်၊ အများကြီး အဆင်ပြေပါတယ် ၊ ဂျပန်နဲ့တရုတ်နိုင်ငံ အကြားဆက်ဆံရေးဟာ ပိုကောင်းလာဖို့ မျှော်လင့်ပါတယ် “

နှစ်သစ်တွင် ဘာတွေမျှော်လင့်ထားလဲ လို့ တစ်ခြားသူများအား မေးကြည့်
သည့်အခါတွင်

“ကျွန်မ ဒီ နေရာကို ပထမဆုံး အကြိမ်ရောက်ဖူးတာပါ ၊ ယခုကျားနှစ်မှာ ရှင်လဲပျော်ရွှင်ပါစေ၊ လူတွေအားလုံးပျော်ရွှင်ကျန်းမာကြပါစေ”

“ကျွန်တော် တရုတ်ပြည်မှာ နေလာတာ (၂) နှစ်ခွဲ ရှိပါပြီ ၊ မိသားစုရဲ့ကျန်းမာရေး၊ မိသားစုရဲ့ တောက်ပတဲ့ အနာဂတ် ၊ ပြီးတော့ ကမ္ဘာ့ ငြိမ်းချမ်းရေးရဖို့ အတွက် ကျွန်တော် ဆုတောင်းပါတယ်”

“ကျွန်တော်ကတော့ Covid-19 ကပ်ရောဂါ ပျောက်ကွယ်သွားဖို့ ဆုတောင်းပါတယ် “

ရွန်းဂါလာမာ ဘုရားကျောင်းသို့ ကမ္ဘာတစ်ဝန်းမှ လာရောက်ကြ သူမျသည် ဘုရားကျောင်း၏ အမည်အတိုင်း ငြိမ်းချမ်းခြင်းနှင့် ညီညွတ်ခြင်းကို မျှော်လင့်ကြသည်။ (Xinhua)

………………………………….
(English Version)
GLOBALink | Foreigners pray at Yonghe Lama Temple in Beijing
At Yonghe Lama Temple, Beijing, you can always find people praying and burning incense for blessing, including many foreigners. Let’s find out their wishes for the new year!
Produced by Xinhua Global Service ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.