Connect with us

Media

ဟောင်ကောင်တွင် ကိုဗစ်ကာလအတွင်း နဂါးလှေလှော်ပြိုင်ပွဲကို ကုန်းပေါ်တွင်ပြုလုပ်ခဲ့

ဟောင်ကောင် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ နဂါးလှေပြိုင်ပွဲကို ဟောင်ကောင်မှာကျင်းပလျက်ရှိပါတယ်။

ဟောင်ကောင်မှာ ကိုဗစ်ကပ်ရောဂါကူးစက်ဆဲ ကာလဖြစ်နေသော်လည်း ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ လုံခြုံစွာပဲ ဒီတနဂ်နွေနေ့မှာ လှေပြိုင်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ပြိုင်ပွဲကို ကိုလုံအနောက်ပိုင်း (West Kowloon) မှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုရဲ့ ဖျော်ဖြေရေးကွင်းပြင်မှာ အထူးပြုလုပ်ထားတဲ့ လှေငယ်တွေကို လှေလှော်သားတွေဟာ သစ်သားချောင်းလှေ လှော်တက်တွေကိုကိုင်ဆောင်ပြီး မိုင်ဝက်လောက်ရောက်အောင် မြန်နိုင်သမျှမြန်မြန် လှော်ခတ်ပြိုင်ဆိုင်ကြပါတယ်။

ပုံမှန်အားဖြင့် နဂါးလှေတွေဟာ သွယ်လျတဲ့ လှေဦးတွင်နဂါးခေါင်းနှင့် ပဲ့ပိုင်းမှာ နဂါးအမီးတို့ ပါဝင်ထည့်သွင်းတည်ဆောက်ထားပါပြီး လှေပေါ်မှာ လှေလှော်သား၊ ဗုံတီးသမားနှင့် ပဲ့ကိုင်သူ စုစုပေါင်း ၁၂ ယောက်လောက်ထိပါဝင်ကြပါတယ်။

ယခုပြိုင်ပွဲမှာတော့ အလျား ၅.၆ မီတာ၊အနံ ၀.၉ မီတာ သာရှိပြီး လူလေးယောက်သာလိုက်ပါနိုင်တဲ့လှေငယ်လေးတွေနှင့် ယှဉ်ပြိုင်ကြရပါတယ်။လှေငယ်တွေရဲ့အောက်မှာတော့ ကုန်းပေါ်မှာရွေ့လျားနိုင်အောင် ဘီးလေးဘီးတပ်ဆင်ထားပါသေးတယ်။

ပြိုင်ပွဲမှာတော့ အသင်း ၁၂ သင်းမှ လေးသင်းပတ်လည်ပြိုင်ပွဲပုံစံဖြင့်ယှဉ်ပြိုင်ကြပါတယ်။ အနိုင်ရရှိရန်အတွက် အမြန်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲ ပုံစံတို့နှင့် ပြိုင်ပွဲဝင်ရပါတယ်။

“ဒါဟာကျွန်တော်တို့အတွက် ပထမဆုံးသော ကုန်းတွင်းနဂါးလှေပြိုင်ပွဲဖြစ်လို့ နဲနဲတော့စိတ်လှုပ်ရှားတယ်၊ ရေထဲမှာ ပြိုင်ရတာနဲ့ ကုန်းပေါ်ပြိုင်ရတာတော်တော်တော့ ကွာတယ် ပိုပြီးခက်ခက်ခဲခဲလှော်ရတယ်၊ စည်းချက်ညီညီလှော်နိုင်ဖို့လည်းကျိုးစားရတယ်” ဟု ပြိုင်ပွဲမှာအနိုင်ရခဲ့တဲ့ အသင်းမှ လှေပြိုင်ပွဲ ၅ နှစ်အတွေ့အကြုံရှိသူ surnamed Cheung ကဆိုပါတယ်။

ကိုဗစ်ကာလအတွင်း ကုန်းတွင်း ရိုးရာလှေပြိုင်ပွဲကို ကျင်းပရခြင်းမှာ လူတွေကို ပူးပေါင်းဆောင်ရွက်တဲ့စိတ်ဓါတ် မမေ့လျော့အောင်သတိပေးချင်လို့ပါလို့ ၎င်းကဆိုပါတယ်။

ဒီပြိုင်ပွဲကိုတော့Square Mile Association နှင့် ဟောင်ကောင်နဂါးလှေ အသင်းတို့က ဉီးစီးပြီးကျင်းပခဲ့တာပါ။နဂါးလှေပြိုင်ပွဲဟာ ဇွန်လ ၁၄ ရက်နေ့မှာကျရောက်တဲ့ ရှေးခေတ်ကဗျာဆရာကြီး ကျူယွမ် (Qu Yuan) ကိုအောင်မေ့သတိရတဲ့အနေဖြင့်ကျင်းပကြတာဖြစ်ပါတယ်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.