Connect with us

Media

မြန်မာကျောင်းသားများအတွက် တရုတ်နိုင်ငံအစိုးရပညာတော်သင်ဆု လျှောက်ထားရန်အဆင့်များနှင့် သတိပြုရန်အချက်များ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင်ပညာသင်ကြားနိုင်ရန် တရုတ်နိုင်ငံအစိုးရမှ ထောက်ပံ့သည့် “တရုတ်နိုင်ငံအစိုးရပညာတော်သင်ဆု” များကို မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဆယ်စုနှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ထောင်ပေါင်းများစွာကို တရုတ်နိုင်ငံအစိုးရပညာတော်သင်ဆုများ ထောက်ပံ့ပေးနိုင်ခဲ့ပြီး တရုတ်-မြန်မာ လူမှုရေးယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအတွက် လူရည်ချွန်အများအပြားမွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တရုတ်နိုင်ငံ အစိုးရပညာတော်သင်ဆု လျှောက်ထားရန် စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများ ဝင်ရောက်ကြည့်ရှုနိုင်ရန်၊ ပညာတော်သင်ဆု လျှောက်ထားရာတွင်ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ လျှောက်ထားရန်အဆင့်များနှင့် သတိပြုရန်အချက်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်ကို ထပ်ဆင့်ပြန်လည် တင်ပြအပ်ပါသည်။ (Xinhua)