Connect with us

Media

ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအား တရုတ်ရိုးရာယဉ်ကျေးမှု နှင့် ပေါင်းစပ်ဖန်တီးထားမှုများ

ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင်ကျင်းပနေသည့်ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲများတွင် တရုတ်ရိုးရာယဉ်ကျေးမှုများနှင့် ပေါင်းစပ်ဖန်တီးထားသည်များကို စုစည်းတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။
ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင်ပေါင်းစပ်ပါဝင်နေသည့် တရုတ်ရိုးရာယဉ်ကျေးမှုများအားအောက်ပါအတိုင်းလေ့လာနိုင်ပါသည်။
ပေကျင်း ၂၀၂၂ အားကစားပြိုင်ပွဲများအား ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ထိုနေ့မှာတရုတ် ရိုးရာပြက္ခဒိန်၏နွေဦးပွဲတော် စတင်သည့်အထိမ်းအမှတ်ဖြစ်သည့် “Li Chun” နေ့ ဖြစ်သည်။
Snow Ruyi
အမျိုးသား စကိတ်ခုန်စင်တာကို Snow Ruyi ဟုအမည်ပေးထားသည် ။
၎င်းမှာ အင်္ဂလိပ်အက္ခရာ “S” သဏ္ဍာန် ကွေ့ကောက်ဖောက်လုပ်ထားသည့်လမ်းကြောင်းဖြစ်ပြီး “Ruyi” ဟု အမည်ရသည့် တရုတ်ရိုးရာ ကံကောင်းခြင်း အဆင်တန်ဆာ၏ပုံကို အသွင်ယူထားခြင်းဖြစ်သည်။
Ice Ribbon
ဘဲဥပုံအမျိုးသားစကိတ်အမြန်စီးကွင်း ကို “Ice Ribbon” ဟု အမည်ပေးထားသည်။
မီးကြိုး၂၂ ခုဖြင့် ဘဲဥပုံအားကစားကွင်းအား အပေါ်မှ အောက်သို့ ပတ်ခြာလည် ဝန်းရံစီခြယ်ထားပြီး ၎င်းမှာ စကိတ် အားကစား၏ အရှိန်နှင့်လမ်းကြောင်းကို ကိုယ်စားပြုရာရောက်သည်။
ညအချိန်တွင် အားကစားခန်းမမျက်နှာစာ၌ မီးကြိုးတစ်ချောင်းချင်းစီ၏ အလင်းရောင်အမျိုးမျိုးပြောင်းလဲသည့် မီးရောင်များသည် မျက်စိပသာဒဖြစ်ဖွယ် အလွန်လှပသည်။
Snow Dragon
အမျိုးသား လျှောစီးစင်တာ ကို “Snow Dragon” ဟု အမည်ပေးထားပြီး ၎င်း၏လမ်းကြောင်းများမှာ တောင်ထိပ်ဆီမှ နဂါးတစ်ကောင်ရစ်ခွေထားသည့်ဟန် ပုံသဏ္ဍာန်ဖြစ်သည်။
မီးပုံး
မီးပုံးကို တရုတ်နိုင်ငံ အနောက် ဟန်မင်းဆက် (ဘီစီ ၂၀၂ မှ အေဒီ ၂၅ ) ရှိ Changxin နန်းတော်၏မီးအိမ်ကို စိတ်ကူးနမူနာယူထားခြင်းဖြစ်သည် ။
Changxin ၏ အဓိပ္ပါယ်မှာ တရုတ်ရိုးရာတွင် ထာဝရယုံကြည်မှုဟု အဓိပ္ပါယ်ရသည်။
ဆောင်းရာသီအိမ်မက် တံဆိပ်
“冬” အမှတ်တံဆိပ် သည် တရုတ်ရိုးရာသင်္ကေတ ၌ ဆောင်းရာသီဆိုသည့် အဓိပ္ပါယ်မှ ဆင်းသက်လာသည့် သင်္ကေတ အမှတ်တံဆိပ်ဖြစ်သည်။
ဆန်းသစ်လှပပြီး တရုတ်လက်ရေးသဏ္ဍာန် နှင့်ပေါင်းစပ်မှုသည် တရုတ်ရိုးရာယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ်အနုပညာတို့၏ ပေါင်းစပ်ဖော်ညွှန်းထားခြင်းဖြစ်သည်။
တရုတ်ရိုးရာ ယဉ်ကျေးမှူ၏ အဆင်တန်ဆာများကို စံနမူနာထားကာဖန်တီးထားသည့် လက်ရာများကို ပေကျင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲခန်းမများ၏ ပြင်ပနှင့်အတွင်းဘက်တွင်အနှံ့အပြား ပုံဖော်ထားခြင်းမှာ ကမ္ဘာကြီး နှင့်တရုတ်နိုင်ငံတို့အား ပိုမိုရင်းနှီးကာ နီးကပ်မှုရရှိစေသည်။(Xinhua)
………………….
(English Version)
GLOBALink | Check out Chinese elements at Beijing 2022
When the traditional Chinese culture meets Winter Olympics… Explore the Chinese elements at the Beijing 2022 Olympic Winter Games.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.