Connect with us

Media

တရုတ်-မြန်မာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံသာယာဝပြောခြင်းကို မျှဝေရန် အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်တွင် အောက်တိုဘာ ၂၆ ရက်၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ခေါင်းစဉ်အောက်ရှိ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်က ယခုနှစ်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆိုပြုခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ဆယ်နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်က “ သမ္မတ ရှီကျင့်ဖိန်က ၁၀ နှစ်တာကာလအတွင်း အောင်မြင်မှုရလဒ်များကို ပြန်လည်ဆွေးနွေးပြီး အောင်မြင်မှုအတွေ့အကြုံများကို အနှစ်ချုပ်သုံးသပ်ခဲ့ပါတယ်။ ရပ်ဝန်းနဲ့ ပိုးလမ်းမ အတူတကွ တည်ဆောက်မှုဟာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်နေပြီး ခေတ်ကာလတိုးတက်လာမှုရဲ့ သဘောတရားနဲ့ ကိုက်ညီပြီး မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းတာဖြစ်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက “အခုဆွေးနွေးပွဲက သံခင်းတမန်ခင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ထင်ဟပ်စေပြီး ရပ်ဝန်းနဲ့ပိုးလမ်းမ အဆိုပြုချက်ရဲ့ ဘုံသာယာဝပြောရေးနဲ့ တည်ငြိမ်ရေး အတွက် မျှဝေပေးတဲ့ ကတိကဝတ်တွေကို ထင်ဟပ်စေပါတယ်” ဟုပြောကြားခဲ့သည်။ အဆိုပါ တရုတ်-မြန်မာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာများအပါအဝင် နှစ်နိုင်ငံမှ ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.