Connect with us

Media

တရုတ်နိုင်ငံ Changan မော်တော်ကားက ထိုင်းနိုင်ငံ၌ လျှပ်စစ်ကားစက်ရုံ တည်ဆောက်မည်

ဘန်ကောက်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်မော်တော်ကားထုတ်လုပ်သူ Changan က ထိုင်းနိုင်ငံ၌ လျှပ်စစ်ကားစက်ရုံသစ် တည်ဆောက်ရန် ထိုင်းနိုင်ငံ၏ စက်မှုအိမ်ရာဖော်ထုတ်ရေးကုမ္ပဏီဖြစ်သည့် WHA Group နှင့် မြေယာဝယ်ယူရေးသဘောတူညီချက်အား အောက်တိုဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဟက်တာ ၄၀ ကျယ်ဝန်းသည့် စက်ရုံသည် ထိုင်းနိုင်ငံ၏ အထူးဖွံ့ဖြိုးရေးဇုန်တစ်ခုဖြစ်သည့် အရှေ့စီးပွားရေး စင်္ကြံ (EEC) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ထိုင်းနိုင်ငံအရှေ့ပိုင်း Rayong ပြည်နယ်တွင် တည်ရှိကြောင်း သိရသည်။

ယင်းစက်ရုံအား ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်ကာ ကနဦး တစ်နှစ်လျှင် အစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်သွားရန် သတ်မှတ်စီစဉ်ထားပြီး ထိုင်းဈေးကွက်တွင် ရောင်းချရန် ၊ အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် ဩစတေးလျ၊ နယူးဇီလန်နှင့် ဗြိတိန်နိုင်ငံတို့အပါအဝင် အခြားဈေးကွက်သို့ တင်ပို့ရန် လျှပ်စစ်စွမ်းအင်သုံးယာဉ်များအတွက် ထုတ်လုပ်ရေးအခြေစိုက်နေရာတစ်ခု ဖြစ်လာမည်ဟု ဆိုသည်။ (Xinhua)

………………………..
(English Version)
China’s Changan Auto to set up EV plant in Thailand
Chinese automaker Changan on Thursday signed a land purchase agreement with Thailand’s industrial estate developer WHA Group to build its new electric vehicle (EV) factory in the Southeast Asian country.
The 40-hectare plant is located in Thailand’s eastern Rayong province, part of the country’s Eastern Economic Corridor (EEC), a special development zone.
Scheduled to start operation in 2025 with an initial capacity of 100,000 units per year, the plant will be a production base for electrified vehicles to supply the Thai market and export to neighboring ASEAN and other markets including Australia, New Zealand, and Britain.
Xinhua News Agency correspondents reporting from Bangkok.(XHTV)