Connect with us

Media

၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
၁။ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
၂။ တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းရှိမည်ဟု IMF ခန့်မှန်း
၃။ ဘန်ကောက်ရှိ ဟိုတယ်တွင် နိုင်ငံခြားသား ၆ ဦး သေဆုံးလျက်တွေ့ရှိ
၄။ ရုရှားနိုင်ငံ၌ နိုင်ငံတကာသဲပန်းပုပွဲတော် ကျင်းပ
၅။ မြန်မာနိုင်ငံ အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်အချို့တွင် ရေလျှံမှုဖြစ်ပွား
၆။ တရုတ်နိုင်ငံထုတ် VTOL ဒရုန်းက ရေဘေးကယ်ဆယ်ရေးကြိုးပမ်းမှုများအား ပံ့ပိုးပေး
၇။ ကမ္ဘောဒီးယားနိုင်ငံ၌ တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ကမ္ဘောဒီးယားဝန်ကြီးချုပ် ကြိုဆို
၈။ ထိုင်းနိုင်ငံက ၂၀၂၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်း ဝင်ငွေအနည်းဆုံး ၇ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းလုပ်ဆောင်
၉။ တရုတ်နိုင်ငံ၏ ပထမဆုံး e-visa ရှန်ဟိုင်းတွင် ထုတ်ပေး
၁၀။ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် BRI သီးခြားခွဲထုတ်၍မရ
၁၁။ အရေးကြီးဆုံးကိစ္စဖြစ်သော ယူကရိန်းအ‌ရေး ပုံမှန်အခြေအနေပြန်ဖြစ်ရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
၁၂။ တရုတ်နိုင်ငံ ရှင်းကျန်းဒေသက ဂျုံအထွက်နှုန်း စံချိန်သစ်တင်
၁၃။ မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇၅ သန်း ဝင်ငွေရရှိ (Xinhua)