Connect with us

Media

၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။

၁။ ဂျာမနီတွင် အမေရိကန် ဒုံးကျည် ဖြန့်ကျက်ထားမည်ဆိုလျှင် ရုရှားအနေဖြင့် ညီမျှသည့် တန်ပြန်ဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဟု ပူတင် ပြောကြား

၂။ မြန်မာနိုင်ငံ ပဲခူးမြို့တွင် ရေကြီးရေလျှံဖြစ်ပွား၊ ရထားလမ်းရေကျော်နေ၍ ရန်ကုန်-မော်လမြိုင်ခရီးသည်တင်ရထား မြို့အဝင်၌ရပ်ထားရ

၃။ တရုတ်အားကစားသမား ရှဲ့ယွီ ပဲရစ်အိုလံပစ်ပွဲတွင် အမျိုးသား ၁၀ မီတာ လေပစ္စတို ရွှေတံဆိပ်ဆုဆွတ်ခူး

၄။ တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး ကြိုးပမ်းမှုများက ချီးကျူးထိုက်ပြီး လေ့လာသင့်ကြောင်း အင်ဒိုနီးရှားပညာရှင်ပြော

၅။ လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် ဘက်စုံ အပစ်အခတ် ရပ်စဲရန် လက်ဘနွန် ဝန်ကြီးချုပ် တိုက်တွန်း

၆။ အီဂျစ်နိုင်ငံ၏ ဆူးအက်တူးမြောင်းဝင်ငွေက ပင်လယ်နီတင်းမာမှုကြောင့် ၅၇.၂ ရာခိုင်နှုန်း ကျဆင်း

၇။ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခအတွင်း ကုလသမဂ္ဂဝန်ထမ်း ၂၀၀ နီးပါးသေဆုံး

၈။ ကင်ညာနိုင်ငံ၏ ရှေးဟောင်းကမ်းရိုးတန်းမြို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့

၉။ ပြီးခဲ့သည့်နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ အသည်းရောင်အသားဝါ ဘီနှင့် စီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၅,၀၀၀ နီးပါးရှိ

၁၀။ တရုတ်နိုင်ငံက အိုင်အိုစီနှင့် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရန် ဆန္ဒရှိ

၁၁။ BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် မလေးရှားနိုင်ငံ ပါဝင်ရန် လျှောက်ထား

၁၂။ မြန်မာနိုင်ငံ တောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ ရေဘေးလွတ်ရာသို့ရွှေ့ပြောင်း

၁၃။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အရှေ့တီမောနိုင်ငံ သမ္မတ Ramos-Horta တွေ့ဆုံဆွေးနွေး

၁၄။ ဗြိတိန်နိုင်ငံ အစိုးရ “ချွတ်ခြုံကျ” နေပြီဟု အလုပ်သမားပါတီ ထပ်ခါတလဲလဲ သတိပေး

၁၅။ မြန်မာနိုင်ငံ ပဲခူးမြို့ ရပ်ကွက်အချို့ ရေဝင်ရောက်နေမှု မြင်ကွင်းများ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.