Connect with us

Media

၂၀၂၄ ခုနှစ် ဇူလိုင် ၅ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဇူလိုင် ၅ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
၁။ (၂၁) ကြိမ်မြောက် ASEAN University Games အမျိုးသားနှစ်ယောက်တွဲ ခြင်းလုံးပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်ဆုရရှိ
၂။ တရုတ် သမ္မတ ရှီအား တာဂျစ်ကစ္စတန်လူငယ်များက ဒူရှန်ဘီမြို့၌ နွေးထွေးစွာကြိုဆို
၃။ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ အား‌ကောင်းလာစေရေး ပါဝင်ဆောင်ရွက်သော ပင်မပလက်ဖောင်းအဖြစ် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို သမ္မတ ရှီပြောကြား
၄။ တရုတ်နိုင်ငံက ထျန်းဟွေ့ 5- 02 အုပ်စု ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်
၅။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ +” အက်စ်တာနာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ အရေးကြီး မိန့်ခွန်းပြောကြား
၆။ ဆင်ဟွာ ဥက္ကဋ္ဌနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တွေ့ဆုံ
၇။ တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ရေဘေးသင့်ပြည်သူများအတွက် လူသွားလမ်းကို ညတွင်းချင်း တည်ဆောက်
၈။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဒူရှန်ဘီမြို့သို့ ရောက်ရှိ၊ တာဂျစ်ကစ္စတန်နိုင်ငံ နိုင်ငံတော်ခရီးစဉ် စတင်
၉။ တရုတ်နိုင်ငံနှင့် တူကီယဲနိုင်ငံတို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး ပိုမိုကောင်းမွန်စွာ တိုးတက်ရေးအတွက် တွန်းအားပေးရမည်ဟု သမ္မတ ရှီပြော
၁၀။ တရုတ်နိုင်ငံ ကားထုတ်လုပ်သူ BYD က ထိုင်းနိုင်ငံစက်ရုံအား ဖွင့်လှစ် ၊ ၈ သန်းမြောက် စွမ်းအင်သစ်သုံး မော်တော်ယာဉ်အား ထုတ်လုပ်
၁၁။ စတုတ္ထအကြိမ် နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး အစီရင်ခံစာတွင် တရုတ်နိုင်ငံ ပါဝင်မှုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြု
၁၂။ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် လူဦးရေ ၁.၆ သန်းကျော် ရေဘေးဒဏ်ခံစားရ၊ သေဆုံးသူ ၄၆ ဦးအထိ မြင့်တက်လာ
၁၃။ Tesla ၏ လူသားသဏ္ဌာန်တူစက်ရုပ်က ကမ္ဘာ့ဥာဏ်ရည်တုညီလာခံ၌ တက်ရောက်သူများကို ဆွဲဆောင်
၁၄။ မြန်မာနိုင်ငံက အင်းဝရှေးဟောင်းမြို့ကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိ
၁၅။ ဂါဇာ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရန် အစ္စရေးနိုင်ငံ ထောက်လှမ်းရေး အကြီးအကဲ ကာတာနိုင်ငံသို့ သွားရောက်မည်
၁၆။ အမေရိကနိုင်ငံတွင် အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ
၁၇။ ဗနွားတူနိုင်ငံ ဝန်ကြီးချုပ် Charlot Salwai နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Jeremiah Manele တို့ တရုတ်နိုင်ငံသို့ သွားရောက်မည် (Xinhua)