Connect with us

Media

၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
၁။ မြန်မာနိုင်ငံ စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းမိ
၂။ ထိုင်းဘုရင်က ဝန်ကြီးချုပ်အသစ်အဖြစ် ပေထွန်ထန် ရှင်နာဝပ်ထရာကို ခန့်အပ်
၃။ တစ်နှစ်ပတ်လုံးတွင် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး စီးပွားရေး အသိုက်အဝန်း ၉၄ ခုမှ လုပ်ငန်းများ ဟောင်ကောင်၌ အခြေစိုက်မည်ဟု တရုတ်နိုင်ငံ ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဌာနက ခန့်မှန်း
၄။ တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်းစူးစမ်းလေ့လာရေး လူတင်ရေငုပ်သင်္ဘော အကြိမ် ၃၀၀ မြောက် ရေငုပ်ပြီးစီး
၅။ ရုရှားနိုင်ငံ Kursk ပြည်နယ်ကို တိုက်ခိုက်ရခြင်း ရည်ရွယ်ချက်များအနက်တစ်ခုမှာ ကြားခံဇုန်တစ်ခုထူထောင်ရန် ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြား
၆။ တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အစဉ်အမြဲထိပ်တန်းဦးစားပေးနေရာ၌ ထားရှိကြောင်း ဗီယက်နမ်သမ္မတ ပြော
၇။ မြန်မာနိုင်ငံ လွိုင်လင်မြို့တွင် ငွေကျပ်သိန်း ၅,၉၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိ
၈။ အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ စစ်ပွဲအတွက် ပြင်ဆင်မှု မြင်ကွင်းများ
၉။ လီချန်က ရုရှားနိုင်ငံသို့ သွားရောက်၍ ၂၉ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ရုရှားနှင့် ဘီလာရုဇ်သို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်
၁၀။ မြန်မာနိုင်ငံ၏ ပျောက်ကွယ်လုနီးပါး သားရေခွာရုပ်လုံးသွင်းပညာကို လက်ဆင့်ကမ်းထိန်းသိမ်းရန် မျိုးဆက်သစ်များကို ဖိတ်ခေါ်
၁၁။ ၁၄၄ နာရီ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်မူဝါဒ ကျင့်သုံးနိုင်သောနယ်ပယ်ကို နယ်စပ်ဂိတ် ၃၇ ခုနှင့် နိုင်ငံပေါင်း ၅၄ နိုင်ငံထိ တိုးချဲ့ခဲ့ပြီးဖြစ်ကြောင်း
၁၂။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ To Lam တွေ့ဆုံဆွေးနွေး (Xinhua)