Connect with us

Media

၂၀၂၄ ခုနှစ် ဩဂုတ် ၂၀ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဩဂုတ် ၂၀ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
၁။ တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်းစူးစမ်းလေ့လာရေး လူတင်ရေငုပ်သင်္ဘော အကြိမ် ၃၀၀ မြောက် ရေငုပ်ပြီးစီး
၂။ ပိုလန်နိုင်ငံက ယူကရိန်းနိုင်ငံကိုကျော်၍ ဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် ကြိုးပမ်းမည်ဆိုလျှင် ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု ရုရှား သတိပေး
၃။ ရှီနှင့် Lam တွေ့ဆုံ‌ကာ တရုတ်-ဗီယက်နမ် အေးအတူပူအမျှအသိုက်အဝန်း တိုးတက်ရေးအတွက် လမ်းညွှန်
၄။ ပါကစ္စတန်နိုင်ငံတွင် ရက်ပေါင်း ၅၀ နီးပါး မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂၁၅ ဦးသေဆုံး
၅။ တူကီယဲနိုင်ငံက မြေပြင်မှမြေပြင်ပစ် ခရုဇ်ဒုံးကျည် အဝေးဆုံးပျံသန်းမှု စမ်းသပ်
၆။ မြန်မာနိုင်ငံ၏ ပျောက်ကွယ်လုနီးပါး သားရေခွာရုပ်လုံးသွင်းပညာကို လက်ဆင့်ကမ်းထိန်းသိမ်းရန် မျိုးဆက်သစ်များကို ဖိတ်ခေါ်
၇။ တရုတ်နိုင်ငံအလယ်ပိုင်း ဟဲပေပြည်နယ်၌ သောင်တင်နေသည့် ဆူးတောင်မဲ့လင်းရှူးအား ကယ်ဆယ်
၈။ ၁၀ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မြေပြိုမှုများကြောင့် လူ ၆၂၉ ဦး သေဆုံးကာ ၂၆၆ ဦး ဒဏ်ရာရရှိ
၉။ တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၌ ယီတိုင်းရင်းသားလူမျိုးများက မီးရှူးတိုင်ပွဲတော် ဆင်နွှဲ
၁၀။ သမ္မတဘိုင်ဒန်ထံ ပေးစာတွင် အမေရိကန်အစိုးရ၏ ကြားဝင်စွက်ဖက်မှုကို မက္ကဆီကိုသမ္မတ ပြင်းထန်စွာဝေဖန်
၁၁။ Nord Stream ပိုက်လိုင်းကို ဖောက်ခွဲမှုတွင် အမေရိကန်၏ သဘောထားပါကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြား
၁၂။ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်တွင် တောမီးလောင်မှုများ ဆက်လက်ဖြစ်ပွားနေ
၁၃။ တရုတ်ကုမ္ပဏီ BYD ၏ ပထမဆုံးကုန်တင်သင်္ဘော စပိန်တွင် ဆိုက်ကပ်
၁၄။ ကွန်ဂိုနိုင်ငံ (DRC) တွင် မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ ၅၇၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးပြော
၁၅။ လက်ရှိအခြေအနေတွင် ယူကရိန်းနှင့် တွေ့ဆုံဆွေးနွေးမည် မဟုတ်ဟု ရုရှား ပြောကြား၊ ရုရှားနိုင်ငံ Kursk ပြည်နယ်ရှိ သတ်မှတ်ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နေသည်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီး ပြောကြား
၁၆။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်သစ်ကို လက်ခံကြောင်း ဘလင်ကန်ပြော
၁၇။ ပဋိပက္ခနှင့် ရေကြီးမှုများက ဆူဒန်နိုင်ငံတွင် ကာလဝမ်း ကပ်ရောဂါကို ပိုမိုဆိုးရွားစေ (Xinhua)