Media
တရုတ်နိုင်ငံ၏ V-Day အထိမ်းအမှတ်အခမ်းအနားများက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ရာ၌ ယုံကြည်မှုကို တိုးမြှင့်ပေးဟု သမ္မတ ရှီ ပြော
ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားက ခိုင်မာတောင့်တင်းသောနိုင်ငံတော် တည်ဆောက်ရေးနှင့် ကဏ္ဍရပ်များအားလုံး၌ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်နှင့် ယုံကြည်မှုကို အားကောင်းစေခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ကျင်းပပြီးစီးခဲ့သည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားအစီအစဉ်များဆိုင်ရာ အနှစ်ချုပ်အစီရင်ခံစာကို ကြားနာပြီးနောက် လတ်တလောပြောကြားခဲ့သည့် မှတ်ချက်များ၌ ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့သော ရှီ၏ မိန့်ခွန်းကိုလည်း စက်တင်ဘာ ၁၇ ရက်၌ ကျင်းပသော အဆိုပါ အထိမ်းအမှတ်အစီအစဉ်များ အနှစ်ချုပ်အစည်းအဝေး၌ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ရှီသည် ပေကျင်းမြို့လယ်ရှိ ပြည်သူ့ခန်းမဆောင်တွင် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားပွဲများ စီစဉ်ကျင်းပရာတွင် ပါဝင်ခဲ့သော ဌာနအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ ကူညီပံ့ပိုးမှုများနှင့် အောင်မြင်မှုများကို ချီးကျူးပြောကြားခဲ့ပြီး အောင်မြင်ထူးချွန်မှုအသစ်များ စွမ်းဆောင်ကြရန်လည်း တိုက်တွန်းအားပေးခဲ့သည်။
ထိုအထိမ်းအမှတ် အခမ်းအနားပွဲများက စိတ်ဓာတ်တက်ကြွမှုရော စိတ်ဓာတ်ခွန်အားကိုပါ ပေးစွမ်းခဲ့သလို ဖက်ဆစ်ဂျပန်တို့အား ခုခံတော်လှန်ရေးစစ်ပွဲ၏ မဟာစိတ်ဓာတ်ကို တစ်ဆင့်တိုး ရှေ့ဆက်သယ်ဆောင်သွားရမည်ဖြစ်ကြောင်း ရှီက မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
“ဒီအခမ်းအနားအစီအစဉ်တွေက လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရာမှာ တရုတ်နိုင်ငံရဲ့ တာဝန်သိစိတ်ဓာတ်ကို မီးမောင်းထိုးဖော်ပြလိုက်ခြင်းဖြစ်ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6Qc
……………………………………..
(English Version)
China’s V-Day commemorations enhance confidence in advancing national rejuvenation: Xi
BEIJING, Sept. 17 (Xinhua) — China’s V-Day commemorations have strengthened the nation’s resolve and confidence in building a strong country and advancing national rejuvenation on all fronts, President Xi Jinping has said.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks in a recent speech after hearing a report summarizing activities held to mark the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War.
Delivered at a meeting of the Standing Committee of the Political Bureau of the CPC Central Committee, Xi’s speech was conveyed on Wednesday at a summary meeting of the commemorative activities.
At the Great Hall of the People in central Beijing, Xi met with representatives from various groups involved in organizing the commemorations, praised their contributions and achievements, and encouraged them to make new accomplishments.
In his speech, Xi noted that the commemorations were both inspiring and motivating, and further carried forward the great spirit forged in the war of resistance against Japanese aggression.
“The events highlighted China’s sense of responsibility in promoting the building of a community with a shared future for humanity,” Xi said. xhtxs.cn/6Qc