Connect with us

Media

မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံထုတ် EV ကားများ လူကြိုက်များစိတ်ဝင်စား

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံထုတ် EV ကားများသည် ယခုအခါ လူကြိုက်များ စိတ်ဝင်စားနေကြကြောင်း သိရသည်။
“စိတ်ဝင်စားမှုကတော့ လူကြိုက်များတယ် ။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာက ဆီဈေးနဲ့ ပြန်ပြီး နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် EV ကားတွေကျတော့ လျှပ်စစ်ကားဆိုတော့ Error ပိုင်း နည်းတယ် ။ အဲဒီအတွက် လူကြိုက်များတယ်”ဟု တရုတ်နိုင်ငံ BYD ကုမ္ပဏီမှ ထုတ်လုပ်သည့် လျှပ်စစ်ကားများ တင်သွင်းရောင်းချသည့် ရန်ကုန်မြို့ရှိ BYD Motor Myanmar ကားအရောင်းပြခန်းမှ အရောင်းတာဝန်ခံ ကိုဇော်ဝင်းသူက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာက station တွေကအစ ထားပေးထားမယ်ဆိုရင် တော်တော်များများ လည်း လူကြိုက်များမယ် ။ စီးရတာကအစ အရမ်းကွာတယ်။ Soundsystem ပေါ့ ။ အသံပိုင်းကအစ အရင် ဆီကားတွေဆိုရင် အင်ဂျင်သံတွေ ကျွန်တော်တို့ ကြားရတယ် ။ အင်ဂျင် Heat တက်တာတို့ ဖြစ်တယ် ။ ဒီကောင်တွေကျတော့ အဲဒါတွေ လုံးဝစိုးရိမ်စရာ မရှိတော့ဘူး ။”ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.