Connect with us

Media

BMW Brilliance ၏ ငါးသန်းမြောက်ကားကို ထုတ်လုပ်ရေးလိုင်းက ထုတ်လုပ်

BMW Brilliance ၏ ငါးသန်းမြောက်ကားကို ထုတ်လုပ်ရေးလိုင်းက ထုတ်လုပ်

စိန်ရန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ စိန်ရန်မြို့၌ BMW Brilliance Automotive Ltd. (BBA) ၏ အစီးရေ ငါးသန်းမြောက် ကားအား ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်လုပ်ရေးလိုင်းက ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ယင်းကားသည် ဂျာမနီ မော်တော်ကားကုမ္ပဏီကြီး BMW နှင့် တရုတ်ကားထုတ်လုပ်သူ Huachen Auto Group တို့အကြား ဖက်စပ်ထုတ်လုပ်ခဲ့သည့် BMW i3 eDrive40L လျှပ်စစ်ကားအသစ် ဖြစ်ကြောင်း သိရသည်။

“ဒါက အရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ဒါက အစီးရေ ငါးသန်းဆိုတဲ့ ကိန်းဂဏန်းပဲ မဟုတ်ပါဘူး ။ သူရဲ့ ကိုယ်စားပြုမှုက ပိုပြီးအရေးကြီးပါတယ်။ စိန်ရန်မြို့က ထုတ်လုပ်ရေးစနစ်ဟာ အရည်အချင်းကျွမ်းကျင်မှုအပြည့် ၊ စွမ်းဆောင်ရည်အပြည့်နဲ့ ဈေးကွက်ရှိတယ်ဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်”ဟု BBA ၏ အမှုဆောင်အရာရှိ နှင့် ဥက္ကဋ္ဌ FRANZ DECKER က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် BMW က တရုတ်နိုင်ငံ၌ လျှပ်စစ်ကား အစီးရေ ၄၂,၀၀၀ ခန့် ရောင်းချခဲ့ရပြီး ပြီးခဲ့သည့်နှစ်ထက် ၉၁.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံမှာ ရှိတဲ့ BMW က တရုတ်ဈေးကွက်ကို ယုံကြည်ကြပြီးတော့ ကျွန်တော်တို့ကို ထောက်ပံ့ပေးတဲ့သူတွေနဲ့အတူ အထူးသဖြင့် လျှပ်စစ်ဓာတ်သုံးစနစ်ကို ပြောင်းလဲတဲ့ကာလမှာ ကျွန်တော်တို့က ပထမတန်းစား ထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက်နေပါတယ်။ ကျွန်တော်တို့ကို ထောက်ပံ့ပေးတဲ့သူတွေနဲ့အတူ တရုတ်နိုင်ငံမှာ ရရှိနိုင်မယ့် အကောင်းဆုံး လျှပ်စစ်ကားတွေကို ထောက်ပံ့ပေးသွားမှာပါ”ဟု BBA ၏ အမှုဆောင်အရာရှိ နှင့် ဥက္ကဋ္ဌ FRANZ DECKER က ပြောကြားခဲ့သည်။

စိန်ရန်မြို့သည် ကမ္ဘာတစ်ဝန်းရှိ BMW Group ၏ အကြီးမားဆုံး ထုတ်လုပ်ရေးအခြေစိုက်သည့် နေရာဖြစ်ပြီး နှစ်စဉ်ကားအစီးရေ ၈၃၀,၀၀၀ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
BMW Brilliance’s five millionth car rolls off production line
The five millionth car of BMW Brilliance Automotive Ltd. (BBA) rolled off the production line on Monday in China’s Shenyang.

The car is an all-new pure electric BMW i3 eDrive40L, produced by the joint venture between German auto giant BMW and Chinese car maker Huachen Auto Group.
SOUNDBITE 1 (English): FRANZ DECKER, President and CEO of BBA
“I think it’s important. It’s not just about the number of five million. It’s more important what it represents. It shows that we are a fully capable and fully competent production system here in Shenyang and that we have a market.”

In 2022, BMW sold about 42,000 pure electric vehicles in China, up 91.6 percent from the previous year.
SOUNDBITE 2 (English): FRANZ DECKER, President and CEO of BBA
“We at BMW in China believe in the Chinese market and together with our suppliers, we are building a first-class supply chain, especially in the era of electrification. Together with our suppliers, we will supply the best electric cars you will get in China.”

Shengyang is home to BMW Group’s largest production base worldwide, with an annual output of 830,000 vehicles.

Xinhua News Agency correspondents reporting from Shenyang, China.
(XHTV)