Media
တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ရုရှားတွင် အစည်းအဝေးတက်ရောက်ရန်နှင့် ဘီလာရုစ်သို့ ခရီးစဉ်သွားရောက်ရန်ရှိ
ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး လီရှန့်ဖူသည် ဩဂုတ် ၁၄ ရက်မှ ၁၉ ရက်အထိ ရုရှားနိုင်ငံတွင် လုံခြုံရေးအစည်းအဝေး တက်ရောက်ရန်နှင့် ဘီလာရုစ်နိုင်ငံသို့ ခရီးစဉ်သွားရောက်ရန်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၄ ရက်၌ ပြောကြားခဲ့သည်။
လီသည် ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ၁၁ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ မော်စကိုကွန်ဖရင့်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ရုရှားနှင့် အခြားနိုင်ငံများမှ ကာကွယ်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ပြောခဲ့သည်။
ထို့နောက် လီသည် ဘီလာရုစ်နိုင်ငံသို့ ခရီးစဉ်သွားရောက်မည်ဖြစ်ကာ ဘီလာရုစ်အစိုးရနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သလို စစ်ဘက်ဆိုင်ရာဌာနများသို့လည်း သွားရောက်မည်ဖြစ်ကြောင်း ဝူက ဆိုသည်။ (Xinhua)
………………………………
(English Version)
China’s defense minister to attend meeting in Russia, visit Belarus
BEIJING, Aug. 14 (Xinhua) — Chinese State Councilor and Minister of National Defense Li Shangfu will attend a security meeting in Russia and pay a visit to Belarus from Aug. 14 to Aug. 19, a spokesperson said Monday.
In Russia, Li will deliver a speech at the 11th Moscow Conference on International Security and meet with defense leaders from Russia and other countries, said Wu Qian, spokesperson for the Ministry of National Defense.
During his visit to Belarus, Li will hold meetings and discussions with Belarusian government and military leaders and visit military units, Wu said.