Media
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် တရုတ်နိုင်ငံက ဆောင်ရွက်သော လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုကို အခမ်းအနားဖြင့်ဖွင့်လှစ်
Phatthalung ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ တောင်ပိုင်း Phatthalung ပြည်နယ်တွင် အချိန် နှစ်နှစ်ကြာ တည်ဆောက်ရေးလုပ်ငန်း ပြီးစီးခဲ့ပြီးနောက် တရုတ်နိုင်ငံက တည်ဆောက်ထားသော လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုစီမံကိန်းကို ဒီဇင်ဘာ ၁၉ ရက်က အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Thung Song စီမံကိန်းအဖြစ် လူသိများသော Thung Song-Songkhla ၅၀၀ ကေဗီ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုစီမံကိန်းသည် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ပထမဆုံး ၅၀၀ ကေဗီ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းဖြစ်သည်။ Henan Electric Power Transmission & Transformation Construction မှ တာဝန်ယူဆောင်ရွက်သော အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံ တောင်ပိုင်း Nakhon Si Thammarat ပြည်နယ်မှ Phatthalung ပြည်နယ်အထိ ၁၀၅ ကီလိုမီတာ ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံအနေဖြင့် တောင်ပိုင်းစီးပွားရေးစင်္ကြံ ဖော်ထုတ်ရေးအတွက် ကတိပြုထားကာ ယင်းပြည်နယ်များတွင် စက်မှုဥယျာဉ်များ တည်ဆောက်မည်ဖြစ်သည်။ထို့ကြောင့် အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လျှပ်စစ်ဓာတ်အားစနစ် တည်ငြိမ်မှုနှင့် စိတ်ချရမှု မြှင့်တင်ရန်၊ ၎င်းပြည်နယ်များရှိ မြင့်တက်လာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန် အရေးပါကြောင်း ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအဖွဲ့၊ Transmission System Construction Project for Independent Power Producers ၏ ညွှန်ကြားရေးမှူး Boonma Phuchin က အခမ်းအနား၌ ပြောကြားခဲ့သည်။
အနာဂတ်တွင် ထိုစီမံကိန်း လည်ပတ်ပါက ပြည်သူအမြောက်အမြားမှာ လျှပ်စစ်ဓာတ်အားသွယ်တန်းမှုမှ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
…………………………
(English Version)
China-built power transmission line inaugurated in S. Thailand
Phatthalung, Thailand, Dec. 21 (Xinhua) — A China-built power transmission line project was inaugurated on Tuesday in Thailand’s southern Phatthalung province after two years of construction.
The Thung Song-Songkhla 500kV Transmission Line Project, known as the Thung Song Project, is the first 500kV Transmission Line in southern Thailand. The contracted section was undertaken by Henan Electric Power Transmission & Transformation Construction, spanning 105 km from Nakhon Si Thammarat Province in southern Thailand to Phatthalung Province.
There was a shortage of electricity in southern Thailand and the country is committed to developing the Southern Economic Corridor and will set up industrial parks in these provinces. So this project is crucial to improving the stability and reliability of the power system in southern Thailand and meeting the growing demand for electricity in these provinces, Boonma Phuchin, director of the Transmission System Construction Project for Independent Power Producers of the Electricity Generating Authority of Thailand, said at the completion ceremony.
He added that hundreds of thousands of people will benefit from the transmission line when put into operation in the future.